30 C
Yangon

MNDAA က လားရှိုးမြို့ပေါ် ဧရိယာကို စစ်ကောင်စီထံသို့ ပြန်ပေးရန်နှင့်အပစ်ရပ်ထားရန် တရုတ်က ကြားဝင် သက်သေအဖြစ် ပါဝင်ဆောင်ရွက်ဟု တရုတ်အစိုးရပြော

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကိုးကန့် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ပေါ် ဧရိယာကို စစ်ကောင်စီထံသို့ ပြန်ပေးရန်နှင့်အပစ်ရပ်ထားရန် တရုတ်က ကြားဝင် သက်သေအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က​ ပြောဆိုသည်။

ယမန်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လားရှိုးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးပြော ရေးဆိုခွင့်ရှိသူက အထက် ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် လားရှိုးမြို့သို့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး အဖွဲ့တစ်ခုကို စေလွှတ်လိုက်ပြီး စစ် တပ်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲထားမှုကို စောင့်ကြည့်ရန်၊ လားရှိုးမြို့ပေါ် ဧရိယာကို MNDAA က စစ်ကောင်စီထံသို့ချောမွေ့စွာ လွှဲပြောင်းရေးအတွက် သက်သေခံအဖြစ် စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ ဆန္ဒနှင့်တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ မြှင့်တင်ဖော်ဆောင်ရန် တရုတ်က တက်ကြွစွာ ပံ့ပိုးကူညီလျက် ရှိကြောင်း ၎င်းက ဆိုသည်။

Mr. Guo Jiakun က ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့၏ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် သက်သေအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်သည့်နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံမြောက်ပိုင်း‌ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိုထိန်းသိမ်းရာမှာ တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ချီးကျူး ကျေးဇူးတင်ကြကြောင်း ပြောဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နောက်တဆင့်အဖြစ် ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

New Chinese Foreign Ministry spokesperson Guo Jiakun holds a news conference in Beijing on Jan. 6, 2025. (Photo by Kyodo News via Getty Images)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article