ရန်ကုန်| ဧပြီ ၂၃
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ Khlong Chonprathan လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သော KNU ထံသို့ ပို့ ဆောင်မည် လက်နက်ခဲယမ်းများကို ဖမ်းဆီး ရရှိကြောင်းယမန်နေ့ ထိုင်းသတင်း ဌာနများက သတင်းဖော်ပြသည်။
ထိုင်းအမျိုးသားနှစ်ယောက်က အနက်ရောင်တိုယိုတာကားဖြင့် သေနတ်နှင့် ကျည်ဆန်များ သယ်ဆောင်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦးမှာ ထိုင်းအမျိုး သားနှစ်ဦးဖြစ်ကြောင်း၊ ရိုင်ဖယ်သေနတ် ၁၀ လက်၊ ဗုံးပစ် လောင်ချာ ၁၄ လက် တို့ကို ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရရှိခဲ့သည်ဟု သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ထိုင်းအမျိုးသား ၂ ဦးက ယင်းလက်နက်ခဲယမ်း များကို KNU ထံသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း၊ ပို့ဆောင်ခအဖြစ် ဘတ် ၈ ထောင်မှ ၉ ထောင်အထိ ရရှိကြောင်း၊ ယခုကဲ့သို့ ပို့ဆောင်မှုမှာ တတိယအကြိမ် မြောက် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



