ရန်ကုန်၊ ဧပြီလ ၂၃
အကြမ်းဖက် စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်သက်တမ်းတိုးပြီးနောက် PNLO ဌာနချုပ်ကို လက် နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ မည်သည့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် စစ်ရေး လှုပ်ရှားခြင်း မရှိဘဲ မောက်မယ်မြို့နယ်၊ လွယ်ချယ်ကျေးရွာဘုန်းကြီးကျောင်းနှင့် နောင်ကျောကျေးရွာ တွင်တပ်စွဲထားသော စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက PNLO ဌာနချုပ် ဧရိယာရှိ ကျေးရွာများနှင့်နောင်ထောင်ကျေး ရွာသို့ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရ သည်။
“ဖြစ်စဉ်ကတော့ မနေ့ကဖြစ်တာပေါ့၊ စစ်ကောင်စီက သူတို့အပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာ ထားတဲ့ ရက်ရဲ့ နောက်ဆုံးရက်၊ပြီးတော့ လကုန်အထိ သူတို့ထပ်မံသက်တမ်းတိုးတဲ့ရက်ပေါ့၊ အဲဒီ ရက်မှာပဲ သူတို့က ကျနော်တို့ ဌာနချုပ်ရှိတဲ့နေရာက ကျေးရွာတွေ၊ နောင်ထောင်ကျေးရွာတွေကို ၈၁ မမ တွေ၊ ပြီးတော့ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ သုံးပြီးတော့မှ ပစ်ခတ်တိုက်ခိုက်တယ်၊ အနည်း ဆုံး ၁၀ ကြိမ်ပေါ့၊ ပေါက်ကွဲတာလည်းရှိတယ်၊ မပေါက်ကွဲတာလည်းရှိတယ်။ ပြည်သူလူထုရဲ့အိမ် တချို့ထိခိုက်တယ်။ လူထိခိုက်မှုတော့မရှိပါဘူး” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲထားသည်ဟု ကြေညာ ထားသော် လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ၎င်းက ထောက်ပြသည်။
“ဒီလုပ်ရပ်တွေက သေချာကြည့်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ဒေသမှာပဲ မဟုတ်ဘူး။ တခြား ဒေသတွေမှာလည်း အပစ်ရပ်ထားတယ်ဆိုပြီးမှ ဗုံးတွေကျဲတယ်။ ကလေးသူငယ်တွေကအစသေဆုံး ရတယ်ဆိုတဲ့ ဟာတွေ တွေ့ရတယ်ပေါ့၊ ဒီဟာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ငြိမ်ချမ်းမှု၊ တည်ငြိမ်မှုကို တကယ်လိုလားတာမဟုတ်ဘူး ဆိုတာ တွေ့နေရတဲ့အနေအထားဖြစ်ပါတယ်။ မြေင လျင်လှုပ်ပြီးနောက် တချို့ဒေသတွေနဲ့ ပအိုဝ်းဒေသမှာ လူသေတာတွေ၊ အိမ်ပြိုတာတွေလည်းရှိတော့ ကျနော်တို့တွေလည်း စစ်ရေးဖော်ဆောင်မှုတွေ၊ စစ်ရေးပြင်ဆင်မှုတွေ မလုပ်ပဲနဲ့ ပြည်သူလူထုရဲ့ ဒုက္ခ တွေကို စာနာတဲ့အနေနဲ့ အပစ်ရပ်ထားတာမျိုးတွေရှိပါတယ်။ အဓိကတော့ ထိုးစစ်မလုပ်ပေါ့၊ ဒါပေ မယ့် စစ်ကောင်စီလည်း အဲလိုမျိုးကြေညာထားတဲ့အထဲမှာကိုပဲ ကျနော်တို့ကို တိုက်ခိုက်လာတာပေါ့” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဒုတိယအကြိမ် ၇ ရက်တာ အပစ်ခတ်ရပ်စဲထားသည်ဟု ကြေညာထားသော် လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဌာနချုပ်ဧရိယာအား လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
ယခင်ကလည်း PNLO ဌာနချုပ်ဧရိယာသို့ စစ်တပ်က လက်နက်ကြီးများ အပြင် ဂျက်ဖိုက်တာလေ ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်တပ်က ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန် စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ပြီး ထိုသို့ ဗုံးကျဲမှုကြောင့် နေအိမ် ၅ လုံးထိမှန်ပျက်စီးခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့အတူ ဧပြီလ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ တောင်ခမ်းရှိ ၉ဝ၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အဆိပ်ငွေ့ဗုံး ၁၅ လုံးလာရောက်ကြဲချခဲ့ကြောင်း၊ အဆိုပါ အဆိပ်ငွေ့ဗုံး ကြောင့် TNLA တပ်သား ၁၀ ဦး ဒဏ်ရာရရှိပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ အဆိပ်ငွေ့ ရှုရှိုက်မိသော TNLA တပ်သားများမှာ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မော ပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က အပစ်ခတ်ရပ်ကြေညာထားသော်လည်း TNLAအုပ်ချုပ်သော မြိုနယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

