ဒီကနေ့ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် ပျက်ဆီးသွားတဲ့ နေပြည်တော်မြို့ကို အသစ် ပြန်တည် ဆောက်ရေးအတွက် အကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ ဗိုလ်ချုပ်ကြီးဆိုသူ မောင်မောင်အေး ကို တာဝန်ပေးလိုက်ပြီး ၊ ဆောက်လုပ်ရေး တင်ဒါနဲ့လုပ်ပိုင်ခွင့်တွေရဖို့ အတွက်တော့ လုပ်ငန်းရှင်တွေက ဗိုလ်ချုပ်ကြီးတွေဆီချောင်းပေါက်မတက်သွားနေပေမယ့် လုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီး အုပ်ထားတဲ့ မင်းအောင်လှိုင်သားကို ကျော်လို့မလွယ်ဘူးလို့ နေပြည်တော် စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ NLD ပါတီကို အမြဲလိုလို အပြစ်တင် အပုတ်ချခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး ဆိုသူဟာ ကရင်ပြည်နယ် ၊ မြ၀တီခရိုင်မှာ တာဝန်ကျနေတဲ့အချိန် တိုက်ပွဲမှာ ရလာတဲ့ ဒဏ်ရာနဲ့ မချိမဆန့်ခံစားရပြီးမှ သေသွားပြီဖြစ်သလို မိသားစုဝင်တွေကတော့ ရောဂါနဲ့သေတယ်ဆိုပြီးတော့သာ သတင်းဖြန့်လိုက် ကြတယ်လို့ ကျန်ရစ်သူမိသားစုနဲ့ နီးစပ်သူ မိတ်ဆွေသူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
