27 C
Yangon

ကော့ကရိတ်နှင့်ကျုံဒိုးလမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်း ၅ ခုကို KNLA၊ PDF ပူးပေါင်း တပ်များက ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ခိုလှုံအလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးလမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်း ၅ ခုကို KNLA ၊ PDF ပူးပေါင်းတပ်များက က ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထွက်ပြေးခိုလှုံလာကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ အထိုင်ဂိတ်စခန်း ၅ ခုကို ထိန်းချုပ်သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များထံသို့ ဆက်တိုက် ခိုလှုံလျက်ရှိကြောင်း သိရှိရသည်။

” ဧပြီလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ကျုံဒိုးနဲ့ကော့ကရိတ်ကိုသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DKBA ဗိုလ်ဘိ၊ BGFမောင်ဝင်းအာင်၊ PCအဖွဲ့ ၊ ခမရ ၅၄၆၊ ခမရ ၅၄၅ တပ်တွေရဲ့ အထိုင်ဂိတ်နေရာတွေ အကုန်စွန့်ပြီး ပြေးကုန်ကြပြီ။ ဧပြီလ ၂၁ ရက်မှာ ကျုံဒိုးခမရ ၅၄၅တပ်ကနေ စစ်သား ၆ ဦးပြေးလာတယ်။ ဘားအံတပ်က ၂ ဦးပါတယ်၊ စစ်မှုထမ်း တပ်သားသစ် ၄ ဦးပါတယ်။ အခုသိမ်းပိုက် ရထားတာက လေးတိုင်၊ ငါးတိုင်၊ နွားခြံကုန်း ၊ကော့ဝါလဲ၊ နေရာတွေပေါ့။ သူတို့စစ်တပ်ကျန်နေတာက ကိုးတိုင်နားကတစ်ဂိတ်၊ လှိုင်ဝတစ်ဂိတ်ကျန်နေသေးတယ်။ အဲဒီ ဂိတ် ၂ ခုရရင်ကော့ကရိတ်နဲ့ကျုံဒိုးကြားမှာ စကစတပ်ရင်းနေရာတွေကလွဲလို့ ဂိတ်စခန်းမရှိတော့လို့ လမ်းမကြီးကိုထိန်းနိုင်ပြီ”ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ကော့ကရိတ်မြို့အဝင်ရှိ ခမရ ၅၄၆တပ်ရင်း ၊စကခ ၁၂ ၊ ခလရ ၂၃၀ ၊ခလရ ၂၃၁ ၊အမတ ၃၁၂ တပ်ရင်းများကို KNLA ၊ PDF မဟာမိတ်တပ်များက ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ရေး အခြေအနေ အလွန်တင်းမာနေကြောင်း သိရှိရသည်။

” ဧပြီ ၂၀ ရက်နောက်ပိုင်းမှာ စကခ ၁၂ နဲ့သူ့အရန်တပ်ရင်း နေရာတွေကိုထောက်ထားတာပေါ့နော်၊ သူတို့ အပြင်မထွက်တိုက်တော့ဘဲနဲ့ ဒရုန်းနဲ့ ကင်းထောက်တယ်၊ Y12 လေယာဉ်တွေနဲ့ ဗုံးပတ်ကျဲခိုင်းတယ်။ တပ်ရင်းထဲကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်။ တိုက်ပွဲက ရန်ကုတ်ဘုန်းကြီးကျောင်းနားမှာရှိတဲ့ စစ်တပ်ဘန်ကာကတုတ်ကြီးနေရာကို တိုက်နေတာရယ်၊ ကိုးတိုင်နားက စစ်တပ်ဂိတ်စခန်းကို တိုက်နေတာရှိတယ်” ဟု KNLA သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ယခုအခါ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တော်ကနေပြီး ကော့ကရိတ်မြို့တွင်စစ်ဘေးမရှောင်ဘဲ နေထိုင်ကျန် ရစ်သူများမှာ ကုန်စျေးနှုန်း ကြီးမြင့်နေသောကြောင့် ဝယ်ယူစားသုံးရန် ခက်ခဲနေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ကော့ကရိတ်မြို့တွင်းရှိ ဘုန်းကြီးကျာင်း၊ဘုရားစေတီနှင့်စာသင်ကျောင်းများတွင်အထိုင်ချတပ်စွဲပြီး ခံစစ်ပြင်ဆင်ထားကြောင်း၊ အလားတူ ကျုံဒိုးမြို့တွင်လည်း စစ်ကောင်စီတပ်က ရဲစခန်း၊စာသင် ကျောင်း ၊ဘုရားကုန်းနှင့်ဘုန်းကြီး ကျောင်းများတွင် အင်အားရာချီတပ်စွဲပြီးခံစစ်ပြင်ဆင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – တောင်ပိုင်းတိုင်းဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တော်လှန်ရေးတပ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တောင်ပိုင်းတိုင်းဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တော်လှန်ရေးတပ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article