35 C
Yangon

ပေါက်ခေါင်း -အုတ်တွင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ အရာတော်တွင်လည်း တပ်ကြပ် ၁ ဦးကို တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်းအုတ်တွင်း ကားလမ်းဘေး၌ ကင်းပုန်းဝပ်ရန် တွက်လာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်ခရိုင် အမှတ် ၃၆၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်

ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန် ပေါက်ခေါင်းမြို့နယ်၊ ခြောက်ပင်သစ်တောစိုက်ခင်း အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သား အင်အား ၇၀ ဦးအနက်မှ ၂၀ ဦးခန့်သည် ပေါက်ခေါင်း -အုတ်တွင်းကား လမ်းဘေး၊ ဖြိုးစည်သူ ဘုရားကုန်းအနီး၌ ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၃၆၀၂ ပြည်ခရိုင်တပ်ရင်းမှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်မှု ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယခုအချိန်သည် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့်လာပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲ သတင်းများ၊ လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်များ၊ စစ်ဘေးရှောင် ဆောင်ရန် ရှောင်ရန် အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနနှင့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် အရာတော်မြို့မှ ထွက်လာသည့် တပ်ကြပ် ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခံရသည့် တပ်ကြပ် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – Danger Force ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီ ၄၄ မိနစ်က အရာတော်မြို့မှ အမှတ် ၅၀၀၄ တင့်ကားတပ် ရင်း သို့ သွားလာသည့် တပ်ကြပ် ဝင်းတင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းခုလတ် တနေရာမှ အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညာဘက် ပခုံကျည်ထိမှန်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင်လည်း အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်အတွင်းရှိ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို M 79 လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၁ လုံးပစ်ခတ် တိုက် ခိုက်ခဲ့ရာ ဂိတ်အတွင်းကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင် မုံရွာ ခရိုင် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘေး အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article