34 C
Yangon

ထိုင်းနိုင်ငံ ချွန်ပူလိရှိ သံစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၉၂ ဦး မတရား အလုပ်ထုတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၃

ထိုင်းနိုင်ငံ ချွန်ပူလိမြို့နယ် လယောင် တွင်ရှိသော သံစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၉၂ ဦးကို စက်ရုံက ကြိုမပြောဘဲ မတရား အလုပ်ထုတ်လိုက်ကာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ WAG အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၈ ရက်နေ့တွင် အဆိုပါ စက်ရုံမှ တာဝန်ကျမန်နေဂျာက မြန်မာအလုပ်သမား အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၉၂ ဦးကို အလုပ်ထုတ်သည်ဟုဆိုကာ အလုပ်သမားများကို လက်မှတ်ရေးထိုးခိုင်းခြင်းဖြစ်ကြောင်း၊ စက်ရုံရှိ သူဌေးက လုပ်အားခများ ဆက်လက် မရှင်းပေးနိုင်၍ အလုပ်ထုတ်သည်ဟု အလုပ်သမားများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“အခု လက်ရှိအချိန်အထိ ညှိနှိုင်းနေတုန်းပါ။ ကျွန်တော်တို့လည်း စက်ရုံထဲဝင်ခွင့်ရဖို့ စောင့်နေဆဲပါ။ ဖြစ်စဉ်က မှန်ပါတယ်။ သံရုံဖြစ်တဲ့အတွက် စက်ရုံက အမျိုးသားတွေ ပိုများပါတယ်။ အခု စက်ရုံရှေ့မှာပါ စက်ရုံတာဝန်ရှိသူတွေနဲ့ စကားပြောခွင့်ရဖို့ စောင့်နေပါတယ်။ သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ဝင်ခွင့်ပေးဖို့အတွက် အဆင့်ဆင့်တင်ပြနေတယ်လို့ သိရပါတယ်” ဟု WAG အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများမှာ အလုပ်ရှင်များ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေ့ရနေသော်လည်း အကြမ်းဖက်စစ်ကောင်စီသံရုံးက တစ်စုံတစ်ရာကူညီမှုမရှိဘဲ အခွန်ကောက်ခံရန်နှင့် ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ ပြည်ပဝင်ငွေများ ပြည်တွင်းသို့ ပြန်လည်ပေးပို့ စီးဆင်းရေးကိုသာ အဓိက လုပ်ဆောင်နေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article