35 C
Yangon

စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၁၃ နှစ်အရွယ် မဂျယ်ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၃ နှစ်အရွယ် မဂျယ်ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၁ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း လက်လှုပ်ကျေးရွာမှ ဒေါ်လုံး၊ အသက် ၁၃ နှစ်အရွယ် မဂျယ်ဦး၊ အသက် ၄၅ နှစ်အရွယ် ကိုဆန်းဇော်၊ အသက် ၂၆ နှစ်အရွယ် အောင်ကျော်ကျော်နှင့် အသက် ၈၀ နှစ်အရွယ် ဒေါ်ဆောင်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီက ငလျင်ဘေးပြီးနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် မရပ်မနား ပြုလုပ်လာတာတွေ့ရပါတယ်။ အဲ့လိုလေကြောင်း တိုက်ခိုက်မှုတွေ အများစုဟာလဲ သာသနိက အဆောက်အအုံဖြစ်တဲ့ ဘုရား၊ ကျောင်းကန်နဲ့ ပြည်သူတွေသီးသန့် နေထိုင်တဲ့ နေရာတွေ ဖြစ်တာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ရည်ရွယ်ချက် ရှိရှိ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒီလို စစ်ကောင်စီရဲ့ သိသာထင်ရှားတဲ့ စစ်ရာဇဝတ်မှု လူမဆန်မှုတွေကို နိုင်ငံတကာက ထိရောက်တဲ့အရေးယူမှု ရှုံ့ချမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ပထမအကြိမ် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ယမန်နေ့တွင်လည်း ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၇ ရက်တာ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ ကျူးလွန်လာခြင်းဖြစ်သည်။

ဧပြီလအတွင်း ပထမအကြိမ် ယာယီအပစ်အခတ်ရပ်စဲစဉ်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်း ဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၆၀ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က ပြုစုထားသော စာရင်းဇယားများအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article