34 C
Yangon

ရန်ကုန်-ပြည် လမ်းပိုင်းရှိ ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ရန်ကုန်-ပြည် လမ်းပိုင်းရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အညာတန်းကြီးရွာ အနီးရှိ 53 မြန်မာထမင်းဆိုင်တွင် ထမင်းစားနေစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များက ရှောင်တခင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ရိုးမအစပ်ရှိ ပြည်သူများ နေထိုင်သော ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“53 ထမင်းဆိုင် အပြင်မှာ စောင့်နေတဲ့ ပျူစောထီး ၂ ကောင်ကို ကျနော် ပစ်တာမြင်ရော ထမင်းစားနေတဲ့ စစ်ခွေးနဲ့ ပျူခွေးတွေထဲက ဆိုင်ကယ်တွေ ပေါ်တက်ပြီး ဖရိုဖရဲနဲ့ အတင်းမောင်းပြေးကြတယ်။ အပြင်မှာ ရပ်ထားတဲ့ သူတို့ ဆိုင်ကယ်တွေအပြင် ပြည်သူတွေရဲ့ ဆိုင်ကယ်တွေပါ ကြုံရာတက်မောင်းပြေးတာ။ ကျနော်တို့ လိုက်ပစ်တော့ တချို့ ပျူခွေးတွေက ကိုင်းပြင်ကြီးတံ တားအောက်က ချောင်းထဲကိုပါ ပြေးကြတာ။ ၂ ကောင်က တံတားအောက်မှာ သေတယ်။ ဒဏ်ရာရသွားတဲ့ စစ်ခွေးနဲ့ ပျူခွေး ၁၀ ကောင်ကို မင်းလှဆေးရုံပို့တာ ဆေးရုံမှာ ၆ ကောင်ထပ်သေတယ်။ အဲ့နောက် ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ပါတယ်။ တံတားမြောက်ဘက်က စစ်ကူလာတဲ့ စစ်ခွေးတွေက ရမ်းသမ်းပြီး လက်နက်ကြီးနဲ့ ကျနောတို့ ရှိတယ် ထင်နဲ့နေရာကို ပစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ မင်းလှတာဆုံနဲ့ စစ်ကွင်းတာဆုံကိုပိတ်ပြီး ရန်ကုန်-ပြည်လမ်းက ကားသွားလာခွင့်မပြုတော့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ နှင့် တပ်ခွဲ ၃ ရဲဘော်များကလည်း နယ်မြေရှင်းလင်းရေးများ လုပ် ဆောင်နေပြီး ဆက် လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်သားများအနီး သွားလာနေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် ၊ စစ်ကောင်စီ ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်၍ အထူး သတိထား နေထိုင်ကြရန် သာယာဝတီခရိုင် PDF က အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article