35 C
Yangon

စစ်တပ်က ဒုတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် ဖားကန့်ဘက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး မိုးညှင်းနှင့် ဗန်းမော်တို့ကို လေကြောင်းတိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၄

အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်သည်ဟု ကြေညာပြီးနောက် ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများတောက်လျှောက်လုပ် ဆောင်လျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး၊ အရှေ့ဘက်၊ နန့်မွန်း-မနခေါ လမ်းရှိ ဆနွင်းကုန်းရွာကို စစ်ကောင် စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း၊ အလားတူ ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်အချိန် မိုးညှင်းမြို့နယ်၊ KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ နယ်မြေရှိ တုံပင်ရွာဆေးခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မင်းအောင်လှိုင်အကြမ်းဖက်စစ်တပ်က အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့် ကချင်ပြည်နယ်မှာ တော့ စစ်ကြောင်းထိုးတာတွေ၊ လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက်လျှောက်လုပ်နေတယ်။ ဧပြီလ ၂၂ ရက် နေ ညနေ ၂ နာရီ ၄၀မိနစ် မှာလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက် ခြမ်းပေါ့ နမ့်မွန်းနဲ့ မနန့်ခုံသွားလမ်းပေါ်မှာရှိတဲ့ စနွင်းကုန်းရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးချပြီး တော့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေကြောင်းကနေ တိုက် ခိုက်သွားတယ်၊ အဲဒီမှာ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်။ နောက်ပြီး အဲဒီနေ့ ည ၁၁ နာရီမှာ လည်း အင်းတော်ကြီးတဝိုက်ပေါ့၊ တုံပင်ရွာ၊ အဲဒီမှာက KIA တပ်မဟာ ၉ ရင်း ၂၆ ဒေသဘက်ပေါ့၊ အဲ ဒီမှာရှိတဲ့ ဆေးခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်။ အဲဒီမှာလည်း ထိခိုက်တာ တွေ ရှိနိုင်တယ်။”ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝ – ကာမိုင်းလမ်းပေါ်တွင် စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေ မှုကြောင့် လဝကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်က လဝရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်း စစ်တပ်က ပြည်သူ့နေ အိမ် များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာပဲ အကြမ်းဖက်စစ်တပ်က ဖားကန့်မြို့ကို စစ် ကြောင်းသွားလျှောက်ထိုးနေတာပေါ့၊ လဝရွာမှာတိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိပြီ။ လဝရွာကိုလည်း မီးရှို့တယ်။ ဂျက်ဖိုက်တာနဲ့ ၅ ရက်လောက် ဗုံးလာကျဲသွားတယ်။ ပြီးရင် ဒီနေ့မှာ လည်း လဝနဲ့ ကာမိုင်းလမ်းပေါ်မှာရှိတဲ့ မဂေါင်း တောင်ရွာတဝိုက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာ အင်အား ၃၀၀ လောက်ရှိတယ်။ သူတို့က ဖားကန့်လမ်းကို နယ်မြေစိုးမိုးရေး လုပ်ချင်တာနေမှာ။ စစ်ကြောင်းတောက် လျှောက်ထိုး နေတယ်၊ စစ်ရေးလှုပ်ရှားမှုတောက်လျှောက်ရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆို သည်။

အလားတူ သင်္ကြန်ကာလအချိန်ကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသဖြင့် မော်ဟန်ကျေးရွာနှင့်အနီးတဝိုက် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

“သင်္ကြန်ကာလ ကလည်း ကချင်နဲ့ စစ်ကိုင်းအစပ် မော်ဟန်ကျေးရွာ တဝိုက်ကိုလည်း စစ်ကောင် စီ နဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေက အင်အား ၃၀၀ လောက်နဲ့ မော်ဟန်ရွာကို စစ်ကြောင်းထိုး ထားတာရှိတယ်။ အဲဒီမော်ဟန်ကျေးရွာတဝိုက်က ပြည်သူတွေ စစ်ရှောင်နေကြရ တာပေါ့၊ အခုတ လောစစ်ကြောင်း ထိုးလှုပ်ရှားတာတွေက မော်ဟန်ရွာဘက်ရှိမယ်။ ပြီးလို့ရှိရင် လဝနဲ့ ကာမိုင်းကြား ဖားကန့်လမ်း ပေါ်မှာရှိမယ်။ ဗန်းမော်ကတော့နေ့တိုင်းဗုံးကျဲနေတာပေါ့ ဗန်းမော်ကိုလည်း လေ ကြောင်း တိုက်ခိုက်မှုနေ့တိုင်းရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၇ ရက်တာကာလ အပစ်အခတ်ရပ်စဲကြောင်း ကြေ ညာထားသည်။

ဓာတ်ပုံ – KIA တပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article