35 C
Yangon

ရေးမြို့နယ် မော့ကနင် အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင် အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ် မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် ရဲနိုင်ကျော်နှင့် အသက် ၂၂ နှစ် အရွယ် ဝေရဲဖြိုးတို့သည် လက်နက်ယူဆောင်ခြင်းမရှိဘဲ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့ ၂ ဦးက လက်နက်မပါဘူး။ ကျနော်တို့က သူတို့ကိုကယ်ပေးတာပါပဲ ပြည်သူ့ရင်ကနေ တဆင့်ဆက်သွယ်ပြီး အလင်းဝင်ရောက်တာပါ။ ၂၂ ရက်နေ့ မနက်ပိုင်းပါ သူတို့ ၂၁ ရက်နေ့ ညကတည်းက ထွက်ပြေးလာပါတယ်။ သူတို့က ခရီးသွားရင်း အဖမ်းခံရပြီး စစ်ထဲ ရောက်သွားတာပါ။ အပတ်စဉ် ၇ သံဖြူဇရပ် ဝဲကလီ စစ်လေ့ကျင့်ရေးတပ်က ဆင်းပြီးခလရ ၁၀၆ ရောက်လာတာပါ” ဟု ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း တို့မှ ဖြစ်ပြီး ၎င်းတို့ကိုကောင်းမွန် စွာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article