27 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့သားဖြစ်သူ အေးချမ်းဆိုသူတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်း နဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ အမှုဖွင့်ပြီး ပြည်သူ ၁ ဦးကို ငွေကျပ် သိန်း ၃၀၀၀ ဆီလျော်ကြေးပေးဖို့ ခြိမ်းခြောက် တောင်းယမ်းနေတယ်လို့ ရန်ကုန်တိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • စစ်ကိုင်းမြို့ပေါ်ကနေ သောက်စားမူးရူးပြီး မင်းကွန်းဒေသကို ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေ လိုက်ပါလာရာ ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း ပျူစောထီးခေါင်းဆောင် နေလင်းအပါအဝင် ၇ ဦးစလုံးပွဲချင်းပြီးကို သေကုန်ကြသလို ၊ သူတို့စီးလားတဲ့ကားပါ မီးလောင်ပျက်ဆီးသွားပြီလို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မကွေးတိုင်းက ပခုက္ကူမြို့နဘ်မှာ ကျေးရွာတွေကို ဗုံးကျဲဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စက်တပ် လေထီးကို တော်လှန်ရေးတပ်တွေက မြေပြင်ပေါ်ပျက်ကျလာတဲ့အထိ ပစ်ချနိုင်ခဲ့ပြီး ၊ လေထီးမှာပါတဲ့ စစ်ကောင်စီတပ်သားကတော့ ထွက်ပြေးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article