ရန်ကုန်၊ ဧပြီ ၂၄
ထိုင်းနိုင်ငံ၊ မဲဆောက်မှတစ်ဆင့် ဘန်ကောက်မြို့၊ စမုစခွန်သို့သွားရောက်အလုပ်လုပ်ကြမည့် တရားမဝင် မြန်မာအလုပ်သမား ၃၀ ဦးကို ကား ၂စီးပေါ်တွင် ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက် အရ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ နခွန်စွမ်မြို့သို့ ဦးတည်မောင်းနှင်လာသော ကား ၂ စီးကို ထိုင်းအာဏာပိုင်များက အမြန်လမ်း စစ်ဆေးရေးဂိတ်တွင် တား ဆီးစစ်ဆေးခဲ့ကြောင်း၊ ယင်းကား ၂ စီးပေါ်တွင် တရားမဝင် အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးရရှိကြောင်း၊ ကားသမား ၂ ဦးမှာလည်း မြန်မာများဖြစ်ကြပြီး ကားနောက်ခန်းတွင် အလုပ်သမားများကို အုပ်၍ ခိုးသွင်းခေါ်ဆောင်လာကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များက ကား ၂ စီးကို ရပ်တန့်စစ်ဆေးရာတွင် ပထမကားတွင် မြန်မာ ၂၀ ဦးကိုလည်းကောင်း၊ ဒုတိယကားတွင် မြန်မာ ၁၀ ဦးကိုလည်းကောင်း ရှာဖွေ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတစ်ဆင့် ဘန် ကောက် မြို့၊ စမုစခွန်တွင်သွားရောက် အလုပ်လုပ်ကြမည့်သူများဖြစ်ပြီး တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ မြန်မာတစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်း ဝန်ဆောင်ခပေး၍ စမုစခွန်သွားရောက် အလုပ်ကြရန် လိုက်ပါကြခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသား ကားသမား ၂ ဦးကို “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို ခိုးသွင်းခြင်းဖြင့် စွဲချက်တင်ခဲ့ပြီး တရားမဝင် မြန်မာ အလုပ်သမား ၃၀ ကိုလည်း “ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ” အဖြစ် အမှုဖွင့် တရားစွဲထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



