27 C
Yangon

ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ကွမ်းဆိပ်စစ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ဧပြီ ၂၄

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ကွမ်းဆိပ်စစ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်တပ်၏ ကွမ်းဆိပ်စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး KNLA PDF ပူးပေါင်း မဟာမိတ်တပ်များ၏ ပူးပေါင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပူးပေါင်းစစ်ဆင်ရေးပါ။ မနေ့က မနက်က သိမ်းရတာပါ။ လောလောဆယ်အထိ အဲဒီဒေသမှာ တိုက်ပွဲရှိနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်မှူး တစ်ဦးကရှင်းပြသည်။

လက်ရှိတွင် KNU တပ်မဟာ များအားလုံးတွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက စုစည်းညီညွတ်စွာဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး KNU တပ်မဟာ ၇ အတွင်း ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်တပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း KNLA သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ – ယခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီ ၏သပြေညွန့်စခန်းသိမ်းတိုက်ပွဲမှ သေဆုံးစစ်သားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီ ၏သပြေညွန့်စခန်းသိမ်းတိုက်ပွဲမှ သေဆုံးစစ်သားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article