ရန်ကုန်၊ ဧပြီ ၂၅
ရန်ကုန်ခေတ်သစ်သတင်းဌာနက အိမ်ပြန်ခဲ့ပြီဖြစ်သော NUG ဝန်ကြီးဒေါက် တာ ဇော်ဝေစိုးကို မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ “ဒေါက်တာဇော်ဝေစိုး အိမ်ပြန်ပြီပေါ့” ဟု ပြန်လည်ဖြေဆိုသွားပြီး ပြည်ပသို့ ပြန်လည် ထွက်ရန် မရှိတော့ ကြောင်း မှတ်ချက်ပြု ပြောဆိုသည်။
ပြည်ပတွင် ရောက်ရှိနေသည့် NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက် တာဇော်ဝေစိုးသည် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက် သွားခြင်းဖြစ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင် ရွက်နေသည့် ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းများ၊ အရပ်ဖက် ကျန်းမာရေး ဝန်ထမ်းများ နှင့် ကျန်းမာရေးစေတနာ့ ဝန်ထမ်းများဖြင့် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
“ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရပ်သား ပြည်သူတွေရဲ့ ကုသရေးတင် မဟုတ်ဘဲ တိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့ PDF တွေ ကို ကုသရေးအတွက်ပါ MOD နဲ့ ပေါင်းလုပ်နေတာတွေရှိပါတယ်။ ဆရာကြီးက ဝန်ကြီးဌာန လုပ်ငန်းတွေ အားလုံးကို ပြည်တွင်းမှာပဲ အခြေစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်” ဟု NUG မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ပြည်ပတွင်ရောက်ရှိနေသည့် NUG ဝန်ကြီးများ၊ အစိုးရတာဝန်ရှိသူများအနေ ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လာရန် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ယာယီ သမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်ခဲ့ပြီးနောက် ဆရာကြီးဒေါက်တာဇော်ဝေစိုးမှာ ပထမဆုံး ပြည်တွင်းသို့ အပြီး ပြန်လည် ဝင်ရောက်ခဲ့သည့် NUG ဝန်ကြီး တစ်ဦးလည်းဖြစ်သည်။
NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေစဉ် နိုင်ငံတကာ ကျန်းမာရေးနှင့် ပညာရေး ညီလာခံ များတွင် ဝန်ကြီးတစ်ပါးအနေဖြင့် တက်ရောက် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများနှင့် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးကို နိုင်ငံတကာက သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



