ရန်ကုန်၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းကျေးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ဘုတလင်မြို့နယ် ကြို့ကုန်းရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲခဲ့ကြောင်း၊ အဆို ပါ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ၂ ဦးသည် အရပ်သားများဖြစ်ပြီး သာမန်တောင်သူများဖြစ်ကြောင်း သိရှိရသည်။
” ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို စက်တပ်လေထီး နဲ့ ဗုံး ၂လုံး ကျဲချသွားတယ်။ အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်။ ၁ ဦးဒဏ်ရာ အပြင်း အထန်ရခဲ့တယ်” ဟု ကြို့ကုန်းရွာသားတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ စက်တပ်လေထီးများမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ တက်လာခြင်းဖြစ်ပြီး နမခကို အခြေပြု၍ ကနီ၊ဘုတလင်၊ယင်းမာပင်နှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
