ဒီကနေ့ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက လက်ရှိမှာ သူတို့စစ်တပ်ဘက်က အရေးပေါ် အခြေအနေ ကြေညာထားတဲ့အတွက် စစ်မှုထမ်းတပ်သားတွေအနေနဲ့ ၂ နှစ်ထက်ပိုပြီး တာဝန်ထမ်းရမယ်လို့ စစ်တပ်အတွင်း အသိပေးတာတွေ လုပ်လာပြီး ၊ ရာထူးတိုးပေးမယ်ဆိုတဲ့ ပုံစံတွေနဲ့ပါ မက်လုံးပေးလာပြန်တယ်လို့ စစ်မှုထမ်းတပ်သားအသိုင်းအ၀ိုင်း က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်ထဲကို အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်နေပြီဖြစ် တဲ့အတွက် လေးမျက်နှာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှုးတွေဟာ ထွက်ပြေး တိမ်းရှောင်တာတွေ ၊ စစ်တပ်စခန်းတွေမှာ သွားရောက်ခိုလှုံတာတွေ လုပ်နေကြတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း မုံရွာမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စက်တွင်း အထိုင်စခန်းကနေ အပြင်ထွက်လာတဲ့ စစ်တပ် ဗိုလ်ကြီး နဲ့ တပ်သား ဖြစ်သူတို့ ၂ ဦးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ ၂ ဦးစလုံး ပွဲချင်းပြီးတွေကို သေကုန်ကြပြီး သူတို့ဆီကနေ သေနတ် ၁ လက်ကိုပါ သိမ်းဆည်း ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
