ရန်ကုန်၊ ဧပြီ ၂၅
မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ခတ်မှုအပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ခဲ့ရာမှာ WFPရဲ့ အဟာရဖြည့်ဘီစကွတ်တွေ လည်း ငလျင်ဒဏ်သင့်ဒေသတွေကို ဖြန့်ဝေခဲ့ပြီး နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာကို WFP က သိရှိထားပြီး ဒီရေးသားချက်တွေမှာ သက်သေတစုံတရာတော့မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။
နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးလူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာ ရောင်းရန်မဟုတ်တဲ့အတွက် ရောင်းချဖို့ မသင့်ဘူးလို့ ကုလ သမဂ္ဂက ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်- WFP က ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့်ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့ပါတယ်။
WFP ကဖြန့်ဝေပေးခဲ့တဲ့ ဘီစကွတ်တွေဟာ သာမာန် ဘီစကွတ်တွေမဟုတ်ဘဲ စွမ်းအင်မြင့် အဟာရဖြည့် ဘီစ ကွတ် တွေဖြစ်လို့ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ပါဝင်ပစ္စည်းတွေအနေနဲ့ ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နို့မှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့- ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ တခြားဓာတ်တွေ များစွာ ပါဝင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဒီဘီစကွတ်တွေကို အရွယ်ရောက်သူတွေအနေနဲ့ ဗိုက်ဆာတဲ့အခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ဘီစကွတ် ငါးထုပ်ခန့်အထိ စားသုံးနိုင်ပေမယ့် ၆လအောက်ကလေးတွေကိုတော့ ကျွေးလို့မရဘဲ ၆လအထက်ဆိုရင် မိခင်နို့ဝအောင်တိုက်ပြီး ဘီစကွတ်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီဘီစကွတ်တွေကို ငလျင်လို အရေးပေါ် အခြေအနေမျိုးတွေမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတာဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့ တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ကြောင်း၊ WFP ရဲ့ အထောက်အပံ့တွေနဲ့ပတ်သတ်ပြီး မေးမြန်းချင်တာ၊ သတင်းပို့ချင်တာတွေရှိခဲ့ရင် [email protected] ကို အီးမေးလ်ပေးပို့နိုင်သလို WFP ရဲ့ အကူအညီပေးရေးဖုန်းတွေဖြစ်တဲ့ ၀၉ ၈၈၃ ၀၀၅၆၆၇၊ ၀၉ ၂၆၄ ၈၁၉ ၁၉၇ နဲ့ ၀၉ ၂၆၄ ၈၁၉ ၀၉၄ တို့ကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
