33 C
Yangon

ကချင်ပြည်နယ်၊ ဖားကန့်သို့ ဦးတည် ချီတက်လာနေသည့် စစ်တပ်စစ်ကြောင်းများကို ‌KIA ၊ PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်၊ ဗန်းမော်တွင်လည်း တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကချင်ပြည်နယ်ဖားကန့်သို့ ဦးတည် ချီတက်လာနေသည့် စစ်တပ်စစ်ကြောင်းများကို ‌KIA ၊ PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ဗန်းမော်တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြော ဆိုသည်။

ဖားကန့်မြို့သို့ မိုးကောင်း၊ ကာမိုင်းဘက်မှ စစ်တပ်စစ်ကြောင်းများ အင်အားရာချီ၍ တက်လာနေကြောင်း၊ ထို့ကြောင့် ဧပြီလ ၂၄ ရက်နေ့မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန် တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ဖားကန့်လမ်းပိုင်းများ အားလုံး ပိတ်ထားကြောင်း သိရှိရသည်။

“မနေ့က ကာမိုင်းအထွက် ရေကာတာဘက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၅၀၀ လောက် စစ် ကြောင်း ထိုးတယ်။ အဲဒါကို KIA ၊ PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်တဲ့အတွက် အထိအခိုက်တွေ ရှိတယ်။ မိုင်းဆွဲတဲ့ချိန်တော့ သုံးယောက်လွင့်သွားတာ မြင်တယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့တွင် မြစ်ကြီးနား-မိုးကောင်း-ကာမိုင်းဘက် လမ်း၊ ရေကာတာ ရွာတစ်ဝိုက်တွင် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည့်အပြင် ဟိုပင်-အင်းတော်ကြီး လမ်းပိုင်းတစ်ဝိုက်တွင်လည်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းများ ထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် စစ်ကူပစ်ခတ်သွားကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ ၂၅ ရက်နေ့ ဗန်းမော်တွင်လည်း တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေကြောင်း သိရှိရသည်။

“ဗန်းမော်ဘက်လည်း မနက်ကနေ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေတယ်။ မြို့သိမ်းတိုက်ပွဲ အကြီးအကျယ်ဖြစ်နေတယ်။ ဗန်းမော်ဘက်လည်း လေကြောင်းတိုက်ခိုက်သွားတာ ၁၀ ကြိမ်လောက် ရှိတယ်။ ဗန်းမော်က နေ့ရော ညရော လေကြောင်းတိုက်ခိုက်မှုလုပ်နေတာပေါ့။ မြစ်ကြီးနားဘက် ဆိုရင်လည်း ဒီမနက်ပိုင်းမှာ ဝိုင်းမော်ဘက်ခြမ်းမှာ ရှိတဲ့ KIA , PDF ပူးပေါင်းအဖွဲ့တွေ နေရာယူထားတဲ့ နေရာမှာ သူတို့က လက်နက်ကြီးတွေ လိုက်ပစ်နေတယ်။ နောက်တစ်နေရာမှာ မိုးညှင်းမှာလည်း မိုးညှင်းက စစ်ကောင်စီစခန်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာ ရှိတယ်။ လောလောဆယ် စစ်ရေးတင်းမာနေလို့ ဖားကန့်လမ်းပိုင်းတွေ အားလုံး ပိတ်ထားတာပေါ့ ။ ဖားကန့်လမ်းပိုင်းရယ် ၊ ဟိုပင် အင်းတော်ကြီး ဝေခါ ဖားကန့်လမ်းပိုင်းရယ်က လမ်းပိုင်းတွေ ပိတ်ထားတာပေါ့” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့အတူ အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ်ရှိ မော်ဟန်ရွာကိုလည်း SNA ပြည်သူ့စစ်များနှင့် ပူပေါင်းကာ အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယခု ဧပြီလနှောင်းပိုင်း ကချင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက နေ့ရောညပါ လေကြောင်းနှင့် မြေပြင်တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ စစ်ရေးအလွန်တင်းမာနေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article