30 C
Yangon

နွားထိုးကြီးမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအရှေ့ဘက်ရှိ ဂတ်စ်ပိုက်လိုင်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ၈၀ မမ လက်နက်ကြီး ၅ လုံး ၊ ဗဒိန် ၁ လုံး တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ တပ်စွဲထားသော အဆောက်အဦးအပေါ် ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အဓိကကတော့ ပြည်သူတွေကိုပဲ ပြောချင်တာပါ။ စစ်ခွေးတွေက သရဲဘောကြောင်ပြီး မဆိုင်တဲ့ နေရာတွေကို လေကြောင်းကတစ်မျိုး၊ ဟောဝှစ်ဇာနဲ့ တစ်မျိုး ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်လို့ သတိဝီရိယနဲ့ ပြည်သူတွေ သွားလာနေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ လေကြောင်းအန္တရာယ်ကိုရော ဂရုစိုက် နေထိုင်ကြဖို့ တိုက်တွန်းပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article