35 C
Yangon

ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိသော စစ်ကောင်စီတပ်၏ ဟားလီးကွေ့ စစ်ကောင်စီ တပ်စခန်းကို ညီနောင်မဟာမိတ်တပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးပစ်ကူအများအပြားနှင့် လေယာဉ်ပစ်ကူများ ပေးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များကိုလည်း သိမ်းဆည်းရရှိခဲ့ရာ MA 1 သေနတ် ၉ လက်၊ MA 2 ၁ လက်၊ MA 3 ၆ လက်၊ MA 4 ၁ လက်၊ BA 100 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ KNU တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၅ ၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force (DGRF) ၊ Tavoy People Liberation Force (TPLF) ၊ ဒေါနတပ်ခွဲ ၇ ၊ Sky Ghost Drone Force ၊ ဖက်ဒရယ် ဒူဝံကြယ်တပ်ဖွဲ့၊ အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်း အသိပေးပြီး စစ်ကောင်စီက အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိလာနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်သည့် အချက်အလက်များကို လိုက်နာ ကျင့်ကြံကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article