35 C
Yangon

စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့် ယနေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့်နေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က ယနေ့ နံနက်ပိုင်းသတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီး မြေအောက်အနက် ၁၀ ကီလို မီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက် လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က သတိပေးသည်။

“ဒီမနက် ငလျင်လှုပ်တာတော့ သိပ်မသိလိုက်ဘူး။ မနေ့ညက မန္တလေးဘက် လှုပ်တာတော့ သတင်းတွေတက်လို့ သိလိုက်တယ်။ ဒီမနက်တော့ မသိလိုက်ဘူး” ဟု တောင်ငူမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှုအနေဖြင့် အကြိမ်ရေ ၁၅၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညပိုင်းတွင်လည်း မန္တလေးကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း၊ အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ပြင်ဦးလွင်တို့တွင် သိသာသော ငလျင်လှုပ်ခတ်မှုထပ်ဖြစ်၍ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ကြကြောင်း၊ မန္တလေးမြို့ပေါ်မှ ပြည်သူတချို့မှာ ယမန်နေ့ညပိုင်း နေထိုင်ရာ အိမ်များမှ လမ်းမပေါ်တွင် အိပ်စက်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article