36 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်သွားတာဟာ ၁ လပြည့်ခဲ့ပြီဖြစ်ပေမယ့်လည်း ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတော်အဆင့်အနေနဲ့ ထိရောက်တဲ့ အကူညီတွေ မရပဲ ကိုယ်ထူကိုယ်ထနဲ့သာ ရှင်သန်ရပ်တည်နေရတယ်လို့ စစ်ကိုင်းနဲ့မန္တလေး ဒေသခံပြည်သူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဟားလီးကွေ့ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးကို လက်နက် ၁၉ လက်နဲ့အတူ အရှင်ဖမ်းဆီးရမိထားတယ်လို့ ဒူရကစစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
  • မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဓနုံးမြှောင်ဂိတ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီး ဖြိုးမောင်ဆိုသူအပါအဝင် ၈ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article