36 C
Yangon

ချောင်းဦးနှင့်ဖြူးမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်မှု စစ် တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေး ရွာကြားတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း People’s Defense Force – South Monywa က သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့ထဲမှ ထွက်လာသော Jammer ကား ၇ စီးအနက် ၅ စီး မြောက်နှင့် ၆ စီးမြောက်ကားကို ချောင်းဦးမြိုနယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ ကြားအရောက် ပဒေသာမိုင်းပွိုင့် ၃ လုံးပွိုင့် ၃ ပွိုင့်တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ဖြစ်သော People’s Defense Force – South Monywa မှ ရဲဘော်များက ကင်းပုန်းများအထပ်ထပ်ချ ထားသည့် ကြားမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းစစ်သားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ လေးအိမ်စုကျေးရွာအတွင်း ဝင်ရောက် လာသော စစ် သားများကို ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင် ကြောင်း ဖြူးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၅ နာရီ ၅၄ မိနစ်အချိန်အထိ ဖြူးမြို့နယ်၊ အုတ်ဖြတ် လမ်းပေါ်ရှိ လေးအိမ်စုကျေးရွာအတွင်း ဝင်ရောက် လာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၅၃ မိနစ်အချိန်နှင့် ညနေ ၅ နာရီ ၁၃ မိနစ်အချိန်တို့တွင် ဖြူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဖြး မြို့နယ်ပကဖ ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ ၂ လုံးကျဲချတိုက်ခိုက်ခဲ့​ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီတွင် မိုင်းဆွဲခံထားရသော စစ်ကောင်စီတပ်၏ ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီတွင် မိုင်းဆွဲခံထားရသော စစ်ကောင်စီတပ်၏ ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article