30 C
Yangon

ရခိုင်ပြည်ကို ရိုဟင်ဂျာများအတွက် သီးခြားလွတ်လပ်သော ပြည်နယ် ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီ JLBက တရုတ်ကွန်မြူနစ်ပါတီထံသို့ အဆိုပြု

Must read

ရန်ကုန်| ဧပြီ ၂၈

ရိုဟင်ဂျာများအတွက် ရခိုင်ပြည်ကို သီးခြားလွတ်လပ်သော ပြည်နယ်ထူထောင်ပေးရန် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်သော JLB က အဆိုပြုတောင်းဆိုလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်များနှင့် ဘင်္ဂလားဒေ့ရှ် အကြီးဆုံးပါတီ ဂျာမတ်-အီ-အစ္စလာမီ JLB ပါတီတို့ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် ဒါကာမြို့၌ တွေ့ဆုံကြစဉ် JLB က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာလူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိပြီး ရခိုင်ပြည်ထဲတွင်လည်း ရိုဟင်ဂျာများရှိနေကာ အစား အသောက်နှင့် အမိုးအကာများ ထောက်ပံ့ပေးနေခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ကြောင်း JLB က ပြောသည်။

ထိုကြောင့် ပြဿနာ၏ ဖြေရှင်းနည်းဖြစ်သော ရိုဟင်ဂျာများအတွက် ရခိုင်ပြည်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် ရခိုင် ပြည်နယ်ကို လွတ်လပ်သော ပြည်နယ်တည်ထောင်ပေးရန် လိုအပ်ကြောင်း JLB က ဆိုသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ရိုဟင်ဂျာများအတွက် ရခိုင်ပြည်လွတ်မြောက်ရန် အရေးပါသော အခန်းကဏ္ဍက ဆောင်ရွက်ပေးနိုင်သည်ဟု ပြောသည်။

ရခိုင်ပြည် မြို့နယ် ၁၇ ခုအနက် ၁၄ ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ကျန် ၃ မြို့နယ်ကိုလည်း သိမ်းပိုက်ရရှိရန် တိုက်ခိုက်နေသည်။

မွတ်စလင်အများစုရှိသော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်များအား နေရပ်ပြန်ပို့နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေပြီး ကုလသမဂ္ဂအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည်။

ကုလသမဂ္ဂအဖွဲ့ အကြီးအကဲ ဂူတာရက်စ်ကလည်း ရိုဟင်ဂျာများ နေရပ်ပြန်ပို့နိုင်ရေးအတွက် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သင့်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို တိုက်တွန်းပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ရိုဟင်ဂျာများနေရပ်ပြန်ပို့ရေးအတွက် အာရက္ခတပ်တော် AA နှင့် ထိတွေ့ပြောဆိုမှုထက် အာဏာသိမ်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည်။

ထောင်ချီသော ရိုဟင်ဂျာများအား နေရပ်ပြန်ပို့ပေးမည်ဟု ဧပြီလ ပထမအပတ်က ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အစည်းအဝေးတစ်ခုတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်ပါတီ JLB မှ ကိုယ်စားလှယ်များနှင့် တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်တို့ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံကြသည့်မြင်ကွင်း။ (ဓါတ်ပုံ – The Business Standard)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဘင်္ဂလားဒေ့ရှ်ပါတီ JLB မှ ကိုယ်စားလှယ်များနှင့် တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်တို့ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံကြသည့်မြင်ကွင်း။ (ဓါတ်ပုံ – The Business Standard)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article