35 C
Yangon

မတ္တရာနှင့် တောင်သာ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ရှိ ခြမ်းရုံးပင်ကျေးရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အရှေ့ဘက်ရှိ ခြမ်းရုံးပင်ကျေးရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး နေအိမ် ၂ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခလဗျားကျေးရွာကို အကြမ်းဖက် စစ်တပ်က စက်တက်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၄၃ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ခလဗျားကျေးရွာ တောင်ဘက်ရှိ ဘုရားလေးခင် တောဘုရားအနီးကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာဘက်မှ တက်လာသည့် စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပေါက်ကွဲခြင်းမရှိသည့် ဗုံးသီးတစ်ချို့ ကျန်ရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article