27 C
Yangon

မင်းလှတွင် အင်အား ၇၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ လောင်း၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အင်အား ၇၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ လောင်း၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် အင်အား ၇၀ ပါ စစ်ကြောင်းက မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာ အတွင်းသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ငမိုးရိပ်ကျေးရွာမှ ဇရစ်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလားစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၂ ပူးပေါင်း မဟာမိတ်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ ၂ နာရီခွဲခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်း ပစ်ကူပေးခဲ့ပြီး တိုက်ပွဲအပြီးတွင် စစ်သားအလောင်း ၁၀ လောင်း၊ လက်နက်ငယ် ၁၀ လက်နှင့် ၆၀ မမ လက်နက် ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေတိုက်ပွဲတွင်း ဗျုဟာ ၂၂ မှ တပ်ရင်း ၃၇၀၁ ၊ ၃၈၀၁ ၊ ၃၈၀၂ ၊ ၃၈၀၃ တပ်ရင်းများ၊ACDF (Asho Chin Defense Force) အပါအဝင် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုံ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article