35 C
Yangon

ရွှေကျင်နှင့် မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ ၊ ကျေးရွာ ၇ ခုမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ ရွှေကျင်နှင့် မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေ ဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း မူးမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းက သစ်ဖြူဆိပ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီတပ်များက တံခွန်တိုင်မှနေပြီး ၁၂၀ မမ လက်နက်ကြီး ၁၄လုံး ပစ်ခတ်ခဲ့ရာ လေးအိမ်စုကျေးရွာအတွင်း တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ နှစ်အရွယ် ဦးဝင်းနိုင်သေဆုံးခဲ့ကြောင်း၊ အသက် ၃၀ နှစ်အရွယ် ဒေါ်မာဦး နှင့်အသက် ၄၅ နှစ်အရွယ် ကိုထွန်း တို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေကျင်မြို့နယ်အတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလေတပ်က အကြိမ်ကြိမ် လာရောက်ဗုံးကျဲခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် နီးကပ်နေသည့် လိပ်ကုလားကျေးရွာ ၊ စံဒွန်းကုန်း ၊ ကွမ်းဆိပ်ကျေးရွာ၊ ကျုံချောင် ၊ ညောင်ခြေထောက်ကျေးရွာ၊ ဝင်းကံကျေးရွာ ၊ ရှမ်းစု / ဇလုပ်ကြီးကျေးရွာများမှ ပြည်သူ ၄၁၉၆ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article