30 C
Yangon

ကျိုက်ထို၊ မူးမြို့နယ်၊ ရွှေကျင်နှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း နှင့် နေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျိုက်ထိုမြို့နယ်၊ မူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့်သရက်ချောင်းမြို့နယ်တို့တွင် ပြည်သူ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနှင့်နေအိမ် အဆောက် အအုံများစွာ ပျက်စီးကြောင်း သိရှိရသည်။

KNU-ကရင်အမျိုး သားအစည်းအရုံး၏ ထိန်းချုပ် နယ်မြေဖြစ်သော မူးမြိုန့ယ် နှင့် ရွှေကျင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး တို့ဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် လူနေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မူးမြို့နယ်၊ နိုကလော်၊ တောင်စုအရှေ့၊ တောင်စု အနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်၊ ရွာကြီးအင်း စသည့်ကျေးရွာများ အတွင်းသို့ စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ရွာကြီးအင်း ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုသိန်းဇော်ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မူးမြို့နယ်၊ ကညင်တိုင်းကျေးရွာသို့ လေယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်ခိုင်ဝင်း၊ အသက် ၄၄ နှစ်အရွယ် ဒေါ်အိရွှေဝင်းနှင့် အသက် ၄၈ နှစ်အရွယ် ဦးစိန်ရန်တို့ သေဆုံးပြီး အသက် ၁ နှစ် ၈ လ အရွယ် မမေသီရိထွန်း ၊ အသက် ၃၅ နှစ်အရွယ် ဦး အောင်မျိုးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့ ရွှေကျင်မြို့နယ် ၊ ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေ ထောက် နှင့် သရက်သမိန် နေရာ များအတွင်းသို့ စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့ရာ သရက်သမိန် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က သရက်ချောင်း မြို့နယ်၊ ရငဲရွာ ၊ကျောက်ခမောက်ရွာ၊ ကျွဲမင်းကုန်းရွာ ၊ချောက်ချောင်းရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကတွဲကျေးရွာနေ အသက် ၄၀ အရွယ် ဦးအောင်အောင်သေဆုံးသွားပြီး ကျောက်ခ မောက်ကျေးရွာနေ အသက် ၅၀ အရွယ် ဒေါ်မီကန်းနှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မဝင်း စန္ဒာ တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ KNU ထိန်းချုပ်နယ်မြေ ကျိုက်ထို မြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး ရာဘာပင် ၁၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၀၁ မိနစ်နှင့် ညနေ ၆ နာရီ အချိန်တို့တွင် စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ခရွဲရာ နှင့် ကျောက်ပုံကြီးရွာအတွင်းသို့ လက်နက်ကြီး ၉ လုံးခန့်ပစ်ခတ်ခဲ့ရာ ခရွဲရွာ မွန်စုပိုင်းနေ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ အချိန် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ပျဉ်းကတိုးကုန်းကျေးနယ် ရွှေခဲရိုးရွာ အနီးရှိ ဦးဝင်းထွန်း ရော်ဘာခြံအတွင်းသို့ ဗုံး ၁ လုံး ခန့် ကျဲချ ခဲ့ရာ ရာဘာအပင် ၁၀၀ ခန့်ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article