30 C
Yangon

နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက်အအုံ များကို မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာ

Must read

🟥လွှတ်တော်ကို တည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းနှင့် ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင်

ရန်ကုန်၊ ဧပြီ ၃၀

နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြီး ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက် အအုံများကို မူလတည် ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည် ဆောက်ရေး ကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ယင်းသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဝန်ကြီးဌာန အဆောက် အအုံများ ပြိုကျပျက်စီးခဲ့ရာတွင် နည်းလမ်း သုံးသွယ်ဖြင့် ပြင်ဆင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနက် ရုံးဌာန အဆောက်အအုံများကို ပြင်ဆင်ရန် မူလ တည်ဆောက်ခဲ့သော ကုမ္ပဏီများကို တာဝန်ပေး ဆောင် ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဆိုသည်။

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်တွင် ပြိုကျပျက်စီးခဲ့သော အဆောက်အဦးများစွာအနက်မှ သမ္မတအိမ်တော်မှာ ဧဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ သမ္မတနေအိမ်များနှင့် လွှတ်တော် ဥက္ကဋ္ဌ နေအိမ်များမှာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဝဏ္ဏသိဒ္ဓိ အားကစားရုံမှာ မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် လွှတ်တော်အဆောက်အအုံမှာမူ ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဦးတင့်ဆန်းမှာ စစ်ကောင်စီကို ဆက်သွယ်တော့ခြင်းမရှိဘဲ တိမ်းရှောင်သွားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်း၏ သား တိုးနိုင်မန်း၊ အောင်သက်မန်း ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးဟောင်း သိန်းညွန့် ၏သား ကုမ္ပဏီများ ၊ မွေး/ရေ ဝန်ကြီးဟောင်း မောင်မောင်သိမ်း၏သားကုမ္ပဏီများ အပါအဝင် နေပြည်တော် ဆောက်လုပ်ရေး လုပ်ကိုင်ခွင့်များရရှိခဲ့သော စစ်ဗိုလ်ချုပ်ဟောင်းများ၏ မိသားစုဝင်များနှင့် အသိုင်းအ၀ိုင်းများမှာလည်း တိမ်းရှောင်ကုန်ကြပြီး တချို့သာ စစ်ကောင်စီကို ပြန်လည် ဆက်သွယ်ကြောင်း သိရှိရသည်။

ငလျင်ကြောင့် လေဆိပ်ဆက်သွယ်ရေးတာဝါတိုင်ပြိုကျပြီး နေပြည်တော်လေဆိပ်ဧည့်ခန်းမ ပြိုကျမှုအတွက် အဓိက တာဝန်ရှိသူမှာ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်ဖြစ်ပြီး A-1 ဆောက်လုပ်ရေးကုမ္ပဏီ၊ ဦးအိုက်ထွန်း ပိုင်သော ရွှေတောင် ဆောက် လုပ်ရေးကုမ္ပဏီနှင့် ဦးဇော်ဝင်းရှိန် ပိုင်သော ဧရာဟင်္သာကုမ္ပဏီတို့မှာလည်း ၎င်းတို့ တည်ဆောက်ခဲ့သော ဝန်ကြီးဌာန ရုံးများနှင့် စစ်ရုံးအဆောက်အအုံများတွင် ပြင်ဆင်တည်ဆောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article