30 C
Yangon

တောင်သာတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သား အလောင်း ၅ လောင်း၊ စစ်သုံ့ပန်း ၂ ဦး နှင့်အတူ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းသို့ ဝင်ရောက်လာသောစစ်တပ် စစ် ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား အလောင်း ၅ လောင်း၊ စစ်သုံ့ပန်း ၂ ဦး နှင့်အတူ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပုဂံဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့နယ်အတွင်းမှ စစ်သား၊ ရဲ၊ ပျူစောထီးများ ပူးပေါင်းကာ အင်အား ၁၀၀ ကျော်ခန့်ဖြင့် တောင်သာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာသည့် စစ်ကြောင်းကို ဧပြီလ ၂၇ ရက်နံနက်ပိုင်းတွင် တံ တားရွာ မှ တောင်ခမောက်ကျေးရွာသို့ စစ် ကြောင်းထိုးလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တံတားကျေးရွာကနေ တောင်ခမောက်ဘက်ဝင်လာတဲ့အချိန်လမ်းမှာ ရှေ့ပြေးကင်းတပ်စိပ်တွေ့ပြီး တိုက်ပွဲဖြစ်တာက ၁ နာရီကျော်ကျော်လောက်ကြာတယ်။ လက်နက်ခဲယမ်း ပြတ်သွားလို့ ခဏပြန် ဆုတ်ပေးလိုက်ရပေမယ့် ကျနော်တို့ ပုဂံဘီလူးတပ်ရောက်လာတဲ့အချိန်မှာ ထပ်ပြီးတိုက်တာ။ နာရီ ဝက်ကျော်ကျော်လောက်ကြာတယ်။ လေကြောင်းပစ်ကူလာလို့ ပြန်ဆုတ်ပေးလိုက်ရပါတယ်” ဟု ပုဂံ ဘီလူးတပ်ဖွဲ့တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အထိနာသွားသော အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူခေါ်ကာ မောင်ခမောက်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် တောင်ခမောက်ကျေးရွာမှ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာသို့ ထပ်မံ စစ်ကြောင်းထိုးလာစဉ် ထောက်ရှာပင်ကျေးရွာအနီးအရောက် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မှ ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာ မြင့်ခဲ့ကြောင်း၊ အထိနာသွားသော အကြမ်း ဖက်စစ်တပ်က လေကြောင်းပစ်ကူ ၆ ကြိမ်ယူကာ ကစဉ့် က လျားဖြင့် ငါ့သရောက်မြို့ဘက်သို့ ဆုတ်သွားကြောင်း သိရသည်။

ယင်းသို့ ၂ ရက်တာတိုက်ပွဲအတွင်း ရဲတပ်ကြပ် အလောင်းအပါအဝင် စစ်ကောင်စီတပ်သားအ လောင်း ၅ လောင်း၊ M22 အမျိုးအစေားသေနတ် ၂ လက်၊ ခဲ ယမ်းများနှင့်အတူ စစ် သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် စစ်ကြောင်းအားဦးဆောင်သူ စစ်ကြောင်းမှူးအပါအဝင် စစ်သား ၄၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး စစ်ကြောင်းမှူးမှာ ဝဲလောင်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်ဖွဲ့ ၊ Popa Production and Guerrilla Force (PPGF) ၊ ညောင်ဦး ခရိုင်တပ်ရင်း ၅ ၊ မြင်းခြံ ခရိုင်တပ်ရင်း ၃ ၊ ရန်ကြီးအောင် PDF (ညောင်ဦးမြို့နယ် ပကဖ) ၊ 21 Bagan PDF ၊ မိုးမခ ပျောက်ကြားတပ် ၊ ဒေါင်းရင်သွေးတပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ် ၊ မန်းဘ ခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ညောင်ဦးခရိုင် ပကဖ ၊ ပြည် သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) ၊ စကော် ပီယံ (တောင်သာပကဖ)၊ ပုပ္ပား – PGF နှင့် န.ပ.တ (၇၀၄) တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article