30 C
Yangon

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေကြောင်း စစ်ဘေးရှောင် ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇရစ်မျှောင်ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ ကျေးရွာတွင် နေထိုင်သော ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ပြည်သူများ ဖမ်းဆီးခံရခြင်းနှင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ စစ်တပ်က ယခင်ရက်ပိုင်းအတွင်း အထိနာပြီးနောက် ယင်းကဲ့သို့ ဇရစ်မျှောင်ကျေးရွာကို မီးတင်ရှိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

” ၂၇ ရက်နေ့ တိုက်ပွဲမှာ စစ်တပ်က အထိနာသွားလို့ ဒီနေ့ ဇရစ်မျှောင်ကျေးရွာကို မီးရှို့နေတာ။ တိုက်ပွဲမရှိဘူး။ သူတို့လူတွေ အထိနာသွားတာကို လက်တုံ့ပြန်တာ။ ပြည်သူတွေကတော့ ကြိုရှောင်နေကြလို့ အဖမ်းအဆီး မရှိဘူး။ ရွာကတော့ အကုန်ကုန်လောက်တယ်။ အဝေးကပဲ ကြည့်နေရတာ။ စစ်ကြောင်း ၂ ကြောင်းလောက် ထိုးနေတယ်” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့် အင်အား ၇၀ ကျော်ပါ စစ်တပ် စစ်ကြောင်းက မင်းလှမြို့နယ်၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းမှ ထွက်ခွာလာပြီး ငမိုးရိပ်ရွာ အတွင်းသို့ ရောက်ရှိစဉ် တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက် ၁၃ လက် သိမ်းဆည်းရရှိပြီး စစ်သား ၁ ဦးအရှင် ဖမ်းမိခဲ့သည်။

လတ်တလော မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအားလုံးမှာ စစ်ဘေးရှောင်နေရပြီး စားနပ် ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း၊စစ်တပ်က စစ်ကြောင်းများ ခွဲ၍ ကျေးရွာများအတွင်းသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး စစ်ရေး တင်းမာနေသဖြင့် မိမိတို့၏ နေအိမ်များသို့ ပြန်ရန် အခြေအနေ မပေးသေးကြောင်း စစ်ဘေးရှာင် ပြည်သူများက ဆိုကြသည်။

ဓာတ်ပုံ – စစ်တပ်က မီးတင်ရှို့နေသော ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article