25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် သူတို့ရဲ့ ဝန်ကြီး ဌာနရုံးတွေ နဲ့ ဝန်ထမ်းအိမ်ရာတွေ ပြိုကျပျက်စီးမှုအတွက် မူလဆောက်ခဲ့တဲ့ သူတွေမှာ တာဝန်ရှိပြီး အဲဒီ အဆောက်အအုံတွေကို အရင်က တည်ဆောက်ပေးခဲ့တဲ့ ခရုနီကုမ္ပဏီတွေကနေ ပြန်ဆောက်ပေးရမယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးလိုက်ပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးတပ်တွေက RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၄ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် သူတို့နဲ့ပါလာတဲ့ ကားလည်း လမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်ပြီး ဆုတ်ပြတ်သွားတယ်လို့လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အမေရိကန်သမ္မတထရမ့် အာဏာရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ အယောက် ၁၀၀ ရဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်မှာ ခင်းကျင်းပြသထားပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၃ ဦးပါဝင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article