30 C
Yangon

နောင်ချို၊ တောင်ခမ်းဒေသ၊ စစ်တပ် ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားချိန် စစ် လေယာဉ်ဖြင့် အဆိပ်ငွေ့ဗုံး ၁၁ လုံး ကျဲချ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်က လေယာဉ်ဖြင့် အဆိပ် ငွေ့ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်အထိ စစ်တပ်က နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ ၉၀၂ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် လေယာဉ်ဖြင့် အဆိပ်ငွေ့ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်း နှင့် ၄၅၃ တပ်စခန်းမှ အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကလည်း ၁၂၀ မမ လက်နက်ကြီး ၂၆ လုံး ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက အပစ်ရပ်စဲရေး ကာလကို ဧပြီလကုန်အထိ ထပ်မံတိုးသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ် ချုပ်သော မြို့နယ်များကို စစ်အင်အားများ ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်များ ပြု လုပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ကို အကြမ်းဖက် စစ်ကောင် စီတပ်က လေကြောင်းဖြင့် အဆိပ်ငွေ့ဗုံး ၈ လုံးနှင့် ဗုံး ၂၇ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article