27 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အတွင်း စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းကျော် KNU က ဖမ်းဆီးရရှိမှု ကော်သူလေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူ တိုက်ဖျက်သွားမည်ဟု ပဒိုစောတောနီးပြောဆို

Must read

ရန်ကုန်၊ မေ ၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်မြေ ၊ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အတွင်း စိတ်ကြွမူးယစ်ဆေး ပြား ၅ သန်းကျော် KNU က ဖမ်းဆီးရရှိခဲ့ပြီးနောက် မူးယစ်ဆေးဝါးသယ်ယူမှုများကို ကော်သူလေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLAက သောင်းရင်းမြစ်အတွင်းမှ လှေတစ်စီးကို မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ လှေပေါ်တွင် စိတ်ကြွမူးယစ်ဆေးဝါး (WY) ၅၉၉ ထုပ်တွင် ဆေးပြားပေါင်း ၅,၅၉၀,၀၀၀ ပြားကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

KNU ကရင်အမျိုးသားအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက မူးယစ်ဆေးဝါး သယ်ယူမှုများကို ပြတ်ပြတ်သားသားတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

” ဒီဟာတွေက ကျနော်တို့လူငယ်တွေအပေါ်မှာဘယ်လိုမှ ကောင်းကျိုး မပေးဘူး ၊ ရှိတဲ့အဖွဲ့အစည်းတိုင်းကလည်းဒီလိုခံယူဖို့တော့လိုတယ်။ တခြားတဖွဲ့က‌နေပြီးတော့ တစ်ယောက်တစ်မျိုး နဲ့ လုပ်နေတဲ့ဟာမျိုးဆိုရင်တော့ထိရောက်မှု သိပ်ရှိမှာမဟုတ်ဘူး။ ဒါတွေကလည်းမူးယစ်ဆေးဝါးကို ဖြတ်သန်းလာတဲ့နယ်မြေဒေသကလည်းတစ်ခုနဲ့တစ်ခု မတူကြတဲ့အပေါ်မှာ နယ်မြေတစ်ခုပြီးတစ်ခုကျော်ဖြတ်သွားတဲ့အပေါ်မှာတစ်ဖွဲ့ နဲ့တစ်ဖွဲ့ဟာလက်ချင်းချိတ်ပြီးတော့ဒီဟာကိုပြတ်ပြတ်သားသားတိုက်ဖျက်နိုင်မှပဲ ဒီဟာအလုပ်ဖြစ်မှာလည်းဖြစ်ပါတယ်” ဟု ပဒို စောတောနီးက ပြောဆိုသည်။

KNU ထိန်းချုပ်နယ်မြေများအတွင်းနှင့် ထိုင်းမြန်မာနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ဆောင်၊ထုတ်လုပ်၊ ဖြန်ချိ ရောင်းဝယ်မှုများကို KNU အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းနိမ်နှင်းရန်၊ လက်တွဲဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ လက်ရှိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုကိုလည်း ကော်သူးလေး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

” ကျနော်တို့ကတော့ မူဝါဒအရ အခိုင်အမာရှိတဲ့အပေါ်မှာ ဒီမူဝါဒအတိုင်းပဲဆက်လုပ်သွားမယ်။ ဒီထက်ပိုပြီးတော့တိကျခိုင်မာတဲ့အရေးယူဖမ်းဆီးမှုတွေတော့ ကျနော်တို့ဆက်လုပ်ဖို့ရှိတယ်။ တရားစီရင်ရေးပိုင်းမှာလည်း ကော်သူလေး ဥပဒေ နဲ့ပဲကျနော်တို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ပဒိုစောတောနီးက ရှင်းပြသည်။

လက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံးက ဖမ်းဆီးရရှိသောမူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်ပြီး KNU မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေးကော်မတီ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့က ဆက် စပ် ပြစ်မှုကျူးလွန်သူ၊ ဦးဆောင်ခိုင်းစေသူ၊ ရောင်းဝယ်သူတို့ကို ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူသွား မည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article