ရန်ကုန်၊ မေ ၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ရေစကြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၈ တပ်ရင်းအတွင်းမှ အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထန်းဆယ်ပင်ကျေးရွာအနီးတွင် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါး အပြန် အလှန်ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ထန်းဆယ်ကျေးရွာအနီးမှာဖြစ်တာ။ တစ်နေကုန်နီးပါပဲ။ တိုက်ပွဲဖြစ်ပြီးတော့ ရွာထဲကို မီးဝင်ရှို့တယ်၊ မီးရှို့နေတဲ့အချိန် မှာလည်း တိုက်ပွဲကဖြစ်နေတာ၊ မီးရှို့ပြီးတော့လည်း တိုက်ပွဲကထပ်ဖြစ်သေးတယ်။ အဲဒီလို ထပ်ဖြစ် တဲ့ အချိန်မှာ ကျနော်တို့ဘက်က ရဲဘော် ၁ ဦးကျသွားတာ၊ အသေကတော့ ၃ ဦးပဲ သတင်းရတယ်၊ ဒီထက်တော့များနိုင်တယ်။ စုံတော့စုံစမ်းနေတုန်းပဲ၊ ညနေပိုင်းတော့ စစ်တပ်က ပြန်ဆုတ် သွားတာ” ဟု ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်းသို့ ရေစကြိုမြို့ပေါ် စုပေါင်းရုံးမှ လက်နက်ကြီး ပစ်ကူများပေးခဲ့ကြောင်း၊ စစ်တပ်က ထန်းဆယ်ပင်ကျေးရွာအတွင်း မီးရှို့၍ ပြန်ထွက်လာပြီးနောက် ညနေပိုင်းတွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ရေစကြိုမြို့နယ်ပကဖမှ ခွဲမှူးရဲ ဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ကြောင်း သိရ သည်။
အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်းဆယ်ပင်ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၁၁ လုံးကို ပြာကျခဲ့ပြီး အထိနာသွားသောစစ်ကြောင်းက ညနေပိုင်း ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ပြန် လည်ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ် ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
