32 C
Yangon

စစ်တပ်က ဆောမြို့နယ်၊ အညာကတင်းကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁

အကြမ်းဖက် စစ်တပ်က ဆောမြို့နယ်၊ အညာကတင်းကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောြကားသည်။

ယနေ့ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၂ မိနစ်အချိန် မကွေးတိုင်း၊ ဆောမြို့နယ်အနောက်အခြမ်းရှိ အညာကတင်း ကျေးရွာ စာသင်ကျောင်းကို ဦးတည်၍ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ယနေ့ နံနက် ၁၀ နာရီ ၃၉ မိနစ် အချိန် တွင် လေယာဉ်ဖြင့် ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးပြီး ကလေးငယ်၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်စာသင်ကျောင်း အပါအဝင်နေအိမ် ၅ လုံးလည်း ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။

“တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချသွားတာ။ စာသင်ကျောင်းကို ဦးတည်ပြီးတည်တိုက်ခိုက်သွားတာပါ၊ ၁၀ နာ ရီ ၃၂ မှ တစ် ကြိမ်၊ ၃၇ မိနစ်မှာတစ်ကြိမ် လေယာဉ်တစ်စီးနဲ့ လှည့်ပတ်ကျဲသွားတာ၊ အသက် ၈ နှစ်အရွယ်မိန်းက လေးတစ်ဦးအပါအဝင် ၄ ဦးသေတယ်၊ ကလေး ၂ ဦးအပြင်းအထန်ဒဏ်ရာရတယ်” ဟု ယောအလင်း တန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူများမှာ အသက် ၆၅ နှစ် အရွယ် ဒေါ်မ ကြည်လေး ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင် အသက် ၃၈ နှစ်အရွယ်ဒေါ်ပြားသာတို့ ၃ ဦး နေရာမှာ ပင်ပွဲချင်းပြီးသေဆုံးပြီး အသက် ၈ နှစ်အရွယ် မခွန်းဆက်ချို သည်လည်း နီးစပ်ရာဆေး ခန်းသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ယောဒေသအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက မကြာခဏလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု များ လုပ် ဆောင်နေသောကြောင့် လေကြောင်းရန် ကာကွယ်နိုင်မည့် နည်း လမ်းများ၊ သတိပေးချက်များကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ အိမ်တိုင်းအိမ်တိုင်းတူးထား ကြပါရန် တော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ အပစ်ရပ်ကြေညာထားမှု အဆုံးသတ်သွားပြီးနောက် ယနေ့ မေလ ၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article