32 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ ပြည်ပထွက် အလုပ်လုပ်ကိုင်မှုတွေများနေတာကြောင့် အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာသာ အလုပ်လုပ်ကိုင်ရမယ့် ကိစ္စတွေကို ဆောင်ရွက် ရမယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။
  • မန္တလေးတိုင်း အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ် ရပ်ကွက်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇ ဦးအတွက် စေတနာရှင်တွေက လှူဒါန်းထားတဲ့ ထောက်ပံ့ကြေး ကျပ်သိန်း ၇၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ညွန့်ဝေ က ကျန်ရစ်သူမိသားစုတွေဆီ မပေးဘဲ ဖြတ်ယူသုံးစွဲလိုက်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း ငဖဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ နတ်ရေကန် စစ်တပ်စခန်း မကျရေးအတွက် စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article