လောင်းကစားသမား မောင်ဝမ်းကွဲက အစ်မဖြစ်သူကို လိမ်ခေါ်သတ် ဖြတ် ပစ္စည်းလုယက်
ရန်ကုန်၊ မေ ၂
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ၂ လကျော်ကြာ ပျောက်ဆုံးနေသည့် မဖူးဖူးရွှေစင်ကို အလောင်းအရိုးစုအဖြစ် ပြန်လည်တွေ့ရှိရပြီး လူသတ်တရားခံဟု သံသယရှိသော မောင်ဝမ်းကွဲ အပါအဝင် လူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းအမှုဖြစ်စဉ်ကို သေချာသိရှိထားသော မိတ်ဆွေဖြစ်သူ မောင်ကောင်း(ဖျာပုံ)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနေ မဖူးဖူးရွှေစင်သည် ဆိုင်ကယ်ဖြင့် ထွက်ခွာသွားစဉ် ပျောက် ဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် ၂ လကျော်အကြာ ဧပြီလ ၂၉ ရက်နေ့ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနှင့် သကံဂွကြီး ကျေးရွာအနီး ဖျာပုံ- ဘိုကလေး ကားလမ်းဘေးတွင် လူအရိုးစုတစ်ခုကို တွေ့ရှိ စိစစ်ရာမှ ပျောက်ဆုံးနေသူ မဖူးဖူးရွှေစင်ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
“ထွက်သွားတုန်းက ဆိုင်ကယ်နဲ့တစ်ယောက်တည်းထွက်သွားတာ။ ဖေဖော် ဝါရီလ ၂၁ အဲဒီကတည်း က ပျောက်သွားတာ၊ ပြန်တွေ့တော့ ဧပြီလ ၂၉ ရက်နေ့မှ ပြန်တွေ့တာပေါ့။ ထွက်သွားတုန်းကပါသွား တဲ့ဆိုင်ကယ်ရော၊ iPhone ရောမတွေ့သေးဘူး။ အလောင်းပဲပြန်တွေ့တာပေါ့၊ လက်ရှိကတော့ ရဲ စခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်။ ဒဏ်ရာတွေဘာတွေဆိုတာကလည်း စစ်ဆေးလို့မရတော့ ဘူး။ မနေ့က ၁၂ နာရီမှာ သူ့ရွာမှာပဲ သင်္ဂြုလ်ပြီလို့ သိရပါတယ်” ဟု မောင်ကောင်း(ဖျာပုံ)က ပြောဆိုသည်။
ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနှင့် သကံဂွကြီးကျေးရွာကြား ဖျာပုံ-ဘိုက လေးကားလမ်းဘေးတွင် သေဆုံးနေသော အလောင်းအရိုးစုကို စိစစ်ရာတွင် သေဆုံးသူ၏လက်တွင် ဝတ်ဆင်ထားသော ဟန်းချိန်းကို တွေ့ရှိရာမှ မဖူးဖူးရွှေစင်ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ မဖူးဖူးရွှေစင်သည် အင်္ကျီလက် ရှည်ဝတ်ဆင်ထား၍ ရွှေဟန်းချိန်းကို သတ်ဖြတ်သူများက မတွေ့မြင်ဘဲ ကျန် ရစ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
မဖူးဖူးရွှေစင်၏ အလောင်းကို မေလ ၁ ရက်နေ့တွင် သဂြိုလ်ခဲ့ပြီး လူသတ်တရားခံဟု သံသယရှိသော မောင်ဝမ်းကွဲ အပါအဝင် လူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
“သူ့မောင်ဝမ်းကွဲနဲ့ တရားခံလေးဦးပေါ့၊ အခုတော့မိသွားပြီ။ စစ်ဆေးနေတုန်းပဲ တခြားတရားခံတွေ ကျန်သေးလားဆိုပြီးစစ်ဆေးနေတယ်။ အခုသိထားရသလောက်က သူ့မောင်ဝမ်းကွဲက လောင်းကစားလုပ်တယ်၊ ဂိမ်းတွေဘာတွေဆော့တယ်။ အဲလိုလုပ်တာမှာ ရှုံးတော့ ပိုက်ဆံလိုတာနဲ့ သူ့အမကို လိမ်ပြီးခေါ်သွားတာ။ သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီးတော့ ခေါ်သွားတာ၊ ခေါ် သွားပြီးတော့ ရန်ကုန် -ဘိုကလေးကားလမ်းမှာသတ်ပစ်တာပေါ့၊ မုန့်တွေဘာတွေလည်းစားသွားသေး တယ်။ စားပြီးတော့ ညဘက်ရောက်မှ အဲဒီဘက်ကလည်း လူကနည်းနည်းရှင်းတဲ့နေရာရောက်တော့ သတ်ပြီးတော့ လမ်းဘေးက ချုံပုတ်ထဲမှာ ပစ်ချထားတဲ့တာပေါ့။ တရားခံနာမည်တွေတော့ မသိဘူး။ သူ့မောင် ဝမ်းကွဲလို့ပဲ သိထားရတယ်။ သူ့မောင်ဝမ်းကွဲရယ်၊ သူ့ရွာ ကျုံတာက နှစ်ယောက်ရယ်၊ ဘိုကလေးကတစ်ယောက်လို့ သိထားတယ်။လောဆယ်လောဆယ်တော့ ဖမ်းပြီးစစ်နေတုန်းပဲ” ဟု မောင်ကောင်း(ဖျာပုံ)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မဖူးဖူးရွှေစင်သည် သေဆုံးချိန်တွင် အသက် ၂၄ နှစ်သာရှိသေးပြီး မသေဆုံးမီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မအူပင်တက္ကသိုလ်မှ ဘွဲ့ယူထားသူဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


