27 C
Yangon

ဖားကန့်မြို့သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို လဝါကျေးရွာတွင် KIA ၊ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ လောင်းရရှိပြီး ၁ ဦးအရှင်မိ၊ လဝါးရွာ ဆုတောင်းတောင်ရှိ စစ်တပ်စခန်းကို သိမ်းပိုက်

Must read

ရန်ကုန်၊ မေ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို လဝါကျေးရွာတွင် KIA ၊ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ လောင်းရရှိပြီး ၁ ဦးအရှင်မိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ဖားကန့်လမ်း၊ လဝါးကျေးရွာရှိ စစ်တပ်ကို KIA ၊ KPDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၃ လောင်းရရှိကြောင်း၊ လဝါကျေးရွာမှ စစ်သားများက ဆုတောင်းတောင်သို့ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

လဝါးကျေးရွာ ခရစ်ယာန် ဆုတောင်းတောင်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KAI ၊ KPDF ပူးပေါင်း တပ်များက လိုက်လံ တိုက်ခိုက်ရာ စစ်သား ၁ ဦးအရှင်ဖမ်းဆီးရရှိကြောင်း၊ ဆုတောင်းတောင်ကိုလည်း မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက် ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။

ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ မိုးကောင်း၊ ကာမိုင်းဘက်မှ စစ်တပ်စစ်ကြောင်းများ အင်အားရာချီ၍ တက်လာခဲ့သဖြင့် ဖားကန့်လမ်းပိုင်းများ အားလုံး ပိတ်ထားကြောင်း ၊ မြစ်ကြီးနား-မိုးကောင်း-ကာမိုင်းဘက် လမ်း၊ ရေကာတာ ရွာတစ်ဝိုက်တွင် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည့်အပြင် ဟိုပင်-အင်းတော်ကြီး လမ်းပိုင်း တစ်ဝိုက်တွင်လည်း စစ်တပ်က စစ်ကြောင်းများ ထိုးနေ၍ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

KIA ပူးပေါင်းတပ်များတွင် Kukki National Army(Burma) KNAB ၊KIA Gorkha KIA ဂေါ်ရခါး၊ ABSDF ၊ KPDF ၊ PDF (MOD)၊ နာဂတပ်များ ပါဝင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article