ရန်ကုန်၊ မေ ၂
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ လုံးခံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်၊ လုံခံကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တောင်ခမ်းကျေးရွာရှိ ၃၅၄ တပ်စခန်းမှ TNLA တည်ရှိရာ နေရောများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာ အကြားကို လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဧပြီလတွင်လည်း နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး ၂၆ လုံး၊ အဆိပ်ငွေ့ ဗုံး ၃၇ လုံးနှင့် လေကြောင်းဖြင့် ဗုံး ၃၂ လုံးတို့ဖြင့် ပစ်ခိုက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင် အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကျဲချခြင်း စသည့်လုပ်ရပ်များပြုလုပ်နေကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က သိပေးပြောဆိုထားသည်။
ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည့်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီနှင့် ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ အမှတ် ၃၁၀ အမြောက်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ခရွဲကျေးနယ်အတွင်းရှိ ခရွဲရာ နှင့် ကျောက်ပုံကြီးရွာ ၏တို့ အတွင်း ၉ လုံးခန့်ပစ်ခတ်ခဲ့ရာ ခရွဲရွာ မွန်စုပိုင်းတွင် နေထိုင်သော ကိုချက်ကြီး နှင့် ဒေါ်မိုး တို့ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ လေတပ်က ပျဉ်းကတိုးကုန်းကျေးနယ် ရွှေခဲရိုးရွာ အနီးရှိ ဦးဝင်းထွန်း ရော်ဘာခြံအတွင်းသို့ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရာဘာပင် ၁၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သား ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒူးသထူခရိုင်အတွင်း နေထိုင်သော ပြည်သူလူထုများ၏ လူနေမှုဘဝသည် နေထိုင် သွားလာ လုပ်ကိုင် ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


