27 C
Yangon

NUG အစိုးရ က တရုတ်နိုင်ငံ၏ ရန်သူမဟုတ်၊ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင် သက်ဆိုးရှည်အောင် မဖြစ်သင့်ဟု NUG ယာယီသမ္မတ ပြောဆို

Must read

ရန်ကုန်၊ မေ ၂

အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တရုတ်နိုင်ငံ၏ ရန်သူမဟုတ်ဘဲ တရုတ်၏ မြန်မာ့အရေး ကြားဝင် ဖျန် ဖြေမှုမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် မဖြစ်သင့်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

ဧပြီလ ၂၉ ရက်နေ့ တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ ၁၃ /၂၀၂၅ အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နိုင်ငံ၏ ရန်သူမဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ကြောင်း၊ NUG အပေါ် တရုတ်နိုင်ငံ၏ အမြင်များကို ပြန်လည် တည့်မတ်ပေးရန် လိုအပ်ကြောင်း သမ္မတက ပြောဆိုသည်။

“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင် အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင် ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော် သင့်တယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတက ရှင်းပြသည်။

တရုတ်နိုင်ငံက NUG အစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးရန် လိုအပ်ကြောင်း တရုတ်အနေဖြင့် အမျိုးသားညီ ညွတ်ရေးအစိုးရအပေါ် အမျိုးမျိုးသော ထင်ကြေးများဖြင့် ချည်းကပ်ထင်မြင်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် ယင်းအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်းသူက ပြောဆိုသည်။

” အစိုးရအဖွဲ့ဟာ “တရုတ်ရဲ့ ရန်သူ မဟုတ်ဘူး” ကြောင်း ၊ “တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ဘူး” ကြောင်း ဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုကြောင်း ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ် နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကို အခြေခံတဲ့ နိုင်ငံခြားရေးသဘောထား ရှိကြောင်း ၊ ဒါ့ကြောင့် အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခုလည်း မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း အမျိုးသားညီညွတ်ရေး အစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာ မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်း” ယာယီသမ္မတက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော် တစ်ခု ဖြစ်သလို ဒေသတွင်း နိုင်ငံများ ဖြစ်သည့် အာဆီယံကဲ့သို့သော ပေါင်းစည်းမှုများထဲတွင်လည်း “ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူ”ကို အာဆီယံပဋိညာဉ်မှာ လေးနက်စွာ ထည့်သွင်း ဖော်ပြထားပြီးဖြစ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ကအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဒေသတွင်း ဩဇာသိပ်ကြီးထွားလာသည့် တရုတ်အနေဖြင့် မြန်မာ့အရေးတွင် တက်တက်ကြွကြွ ဝင်ရောက် ဖျန်ဖြေမှုကို မငြင်းပယ်သော်လည်း တစ်ဖက်တွင် ယခုထက် ပိုမိုကျယ်ပြန့်သော ချည်းကပ်မှုများဖြင့် ကြားဝင် ဖျန်ဖြေမှသာ ရေရှည်အတွက် ဆေးနည်းကောင်းဖြစ်သည်ဟု ယူဆကြောင်း ၊ ယခုလုပ်ရပ်သည် မြန်မာ့အရေးကို လတ်တလော အနာ သက်သာရုံ “ဆေးမြီးတို” လောက်ဖြင့် ကျေနပ်တင်းတိမ်ရမလို ဖြစ်နေသည်ဟု ယူဆကြောင်း ယာယီသမ္မတက ဆက်လက်ပြောဆိုသည်။

တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိရာ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးမှုအပေါ် မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက စစ်အုပ်စုကို တရုတ်က ထောက်ခံသော လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article