ရန်ကုန်၊ မေ ၂
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၆၀ မမ တစ်လက်အပါအဝင် လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂ ရက် နံနက်အစောပိုင်း ၃ နာရီ ၅၀ မိနစ်က နတ်တလင်မြို့အရှေ့ဘက်ရှိ ဒမငယ်ကျေး ရွာ၌ တပ်စွဲထားသော ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
“စစ်ခွေး ၁ ကောင်က ကွက်သစ် ဆေးရုံရောက်မှ သေတာ။ ဆေးရုံရောက်တာက ၂ ကောင်ရောက်တာ ၁ ကောင်သေပြီ သတင်းထပ်ရတယ်။ အဲ တိုက်ခိုက်မှုမှာ စုစုပေါင်း သေဆုံးတာ ၃ ကောင်သေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထိုသို့တိုက်ခိုက်သိမ်းပိုက်ရရှိသော ရဲကင်းစခန်းအတွင်းသို့ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ် ဆောင်ခဲ့ရာ G3 အမျိုးအစား သေနတ် ၁ လက် ၊ ကာဘိုင် အမျိုးအစား သေနတ် ၃ လက် ၊ MA 3 အမျိုးအစား သေနတ် ၁ လက် ၊ ၆၀ မမ စိန်ပြောင်း ၁ လက် ၊ ၆၀ မမဗုံးသီး ၉ လုံး ၊ ပလတ်စတစ် နင်းမိုင်း ၅ လုံး ၊ ယာဉ်ဖျက်မိုင်း ၄ လုံး နှင့် G 3 ကျည် ၁၂၀ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂ ၊ တပ် ရင်း ၃၈၀၁ တပ်ခွဲ ၂ ၊ တပ်ခွဲ ၆ နှင့် နတ်တလင်း ပ.က.ဖ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


