ရန်ကုန်၊ မေ ၂
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၁ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေဆိပ်မှ တက်လာသော Yak – 130 Jet Fighter ၁ စင်းနှင့် မိတ္ထီလာ ရှမ်းတဲလေးလေတပ်မှ တက်လာသော MIG 29 ဂျက်ဖိုက်တာ ၁ စင်းတို့ဖြင့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူလူထုထိခိုက်မှု မရှိကြောင်း သိရသည်။
“လေကြောင်းကနေ ဗုံးကျဲသွားတာက ထိခိုက်မှုတော့ မရှိပါဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ ဆက်သွယ်ရေးကလည်း အရမ်းခက်ခဲနေပါတယ်။” ဟု ယောအလင်းတန်းမှကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လက်ရှိ ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ယောနယ်ဒေသကို ဖုန်းလိုင်းများဖြင့် တောက် ကာနေ့စဉ်ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်လျက်ရှိပြီး မိဘပြည်သူများအနေ ဖြင့် လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြပါရန်နှင့် ဗုံးခိုကျင်းများတူးထားကြ ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






