27 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆာက်အဦးနှင့် ပစ္စည်းများ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မေ ၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆာက်အဦးနှင့် ပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်မှ ၆ နာရီ ၁၀ မိနစ်ခန့် အထိ ကျောက်ကြီးမြို့နယ်အတွင်းရှိ နိုညာသူ၊ ပေါ်ဖောပလော၊ လော်မူသော၊ လော်မူပယ်နှင့် မောလေး နေရာများကို အကြမ်းဖက် စစ်တပ်က MI – 35၊ Y-12 နှင့် ဂျက်ဖိုက်တာ တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် လော်မူသော ကျေးရွာရှိ စောစပ်လဲ၏ နေအိမ်၊ ဆိုင်ကယ်၊ ဂိုဒေါင် နှင့် တဲများပါ ထိမှန်မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

ညောင်လေးပင်ခရိုင် အတွင်းရှိ လယ်ဒိုမြို့နယ်၊ ဆောထိမြို့နယ်၊ မူးမြို့နယ် တို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး တပ်များအကြား တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပေါ်လျက်ရှိပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှလည်း ထိခိုက်မှု များစွာရှိသောကြောင့် လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များ အသုံးပြုကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူလူထုများ နေထိုင်ရာ နေရာများအတွင်းသို့ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အပစ်မဲ့ အရပ်သားပြည်သူများသည် စိုးရိမ်ကြောက်ရွံမှုများစွာဖြင့် နေထိုင် နေကြရပြီး တိုက်ပွဲဖြစ်ရာ အနီးကျေးရွာများ စိုးရိမ်ကြောက်ရွံကာ စစ်ဘေးရှောင်ဦးရေမှာလည်း နေ့စဉ်နှင့် အမျှ တိုးလက်လျှက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article