28.5 C
Yangon

မူးမြို့နယ်တွင် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျေးရွာ ၅ ခုကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး ၁ ဦးနှင့် အရာခံ ဗိုလ် ၁ ဦး အပါအဝင် သေဆုံးသူများပြား

Must read

ရန်ကုန်၊ မေ ၂

ပဲခူးတိုင်း၊ မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျေးရွာ ၅ ခုကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး ၁ ဦးနှင့် အရာခံ ဗိုလ် ၁ ဦး အပါအဝင် သေဆုံးသူများပြားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မူးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၆၀ နှင့် ခလရ ၇၃ ပူးပေါင်း တပ်ပေါင်းစုမှ စစ်ကောင်စီ တပ်သားများ ထိုးစစ်ဆင်ကာ ခြေကုတ်ယူထားသည့် နေရာများဖြစ်သော နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာများကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းယူ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် အရာခံ ဗိုလ် ၁ ဦးကျဆုံးကာ အများအပြား ထိခိုက် သေဆုံးမှုရှိပြီး လက်နက် ခဲယမ်း များစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ ကျေးရွာအတွင်း တပ်စွဲထားမှုကြောင့် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရပြီး ဒုက္ခမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article