ရန်ကုန်၊ မေ၂
မန္တလေးတွင် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် စစ်ထဲအသွင်းခံရသော ပုသိမ်ကြီးမြို့နယ် ခရမ ၁၁၉ တပ်ရင်းမှ စစ်မှုထမ်း တပ် သားသစ် ၁ ဦး အလင်းဝင်လာကြာင်း Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ DEMO က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေ ၁ ရက်နေ့ ပုသိမ်ကြီးမြို့နယ် ခရမ ၁၁၉ တပ်းရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သည် Burma Revolution Rangers တပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံလာ၍ သွားရောက်ခေါ်ဆောင်ခဲ့ရကြောင်း၊ အဆိုပါ အလင်းဝင်လာသော တပ်သားသစ် ၁ ဦးသည် စစ်မှုထမ်း အပတ်စဉ် ၅ မှဖြစ်ပြီး လက်ရှိချိန်တွင် တော် လှန်ရေး တပ်ဖွဲ့များက ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှာက်ထားကြောင်း သိရှိရသည်။
“လက်နက်ခဲယမ်းမပါပါဘူး။ ဇာတိနဲ့ အမည်ကတော့ မိသားစုလုံခြုံးရေးအရပြောပြလို့မဖြစ်ပါဘူး။သူကမန္တလေးမှာပဲပေါ်တာဆွဲခံရတာပါ။သူ့ရဲ့ဇာတိကတော့အခြားမြို့ကပါ။ သင်္ကြန်ရက်ကတည်းက ကျနော်တို့သွားခေါ်ရတာပါ။ လမ်းကြောင်းအခက်အခဲရှိတာနဲ့ကြာနေလို့ မေလ ၁ရက်နေ့မှကျနော်တို့ဌာနေကိုရောက်တာပါ။ စစ်မှု ထမ်းသင်တန်းကိုတော့ ရပ်စောက်ဗထူး ရကသ ၁ မှာတက်ခဲ့ရတာပါ။ စကစတပ်သား တွေရော ရဲတွေရော ပျူစောထီးတွေရောပေါ့နော် ။ မင်းအောင်လှိုင်အတွက် ကိုယ့်အသက်ကိုအသေမခံပဲနဲ့ အမြင်မှန်ရကာပြည်သူ့ဘက်ကိုဘက်ပြောင်းခိုလှုံဖို့ပြောချင်ပါတယ်”ဟု Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုDEMO ကပြောဆိုသည်။
စစ်ကောင်စီ တပ်သားများ ၊ ရဲ နှင့် ပျူစောထီးများ အပါအဝင် စစ်တပ် နောက်လိုက်များ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံး ပူးပေါင်းကြရန် နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံတွင် လာရောက် ခိုလှုံကြရန် Burma Revolution Rangers တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။
ပြည်သူလူထုအနေဖြင့် လေကြောင်း သတင်းများကို သတိပြု ဂရုစိုက်ကြရန် မြေပြင်စစ်ကြောင်းသတင်းများကိုလည်းအမြဲသတိပြုကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏အနီးနားတွင် သွားလာနေထိုင်ခြင်း မပြုလုပ်ရန် Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ DEMO က သတိပေးပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
