27 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ နေအိမ်များကို ဖောက်ထွင်းခိုးယူ ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို ဝသ်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်း ကျေးရွာရှိ နေအိမ်များကို ဖောက်ထွင်းခိုးယူ ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မီးနဂါး စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်း ခိုးယူဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မီးနဂါး စစ်ကြောင်း တိုက်ကင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ရွာထဲမှာ တပ်စွဲပြီး ပြည်သူပိုင် နေအိမ်တွေကို ဖောက်ထွင်း ခိုးယူနေတာ ဒဏ်ရာရ စစ်ခွေး ၃ ဦး အခြေအနေနဲ့ ကျန်ထိခိုက်မှု နောက်ဆက်တွဲတော့ အတိအကျမသိရသေးပါဘူး။ ၃ စလုံးဒဏ်ရာ ပြင်းထန်တယ်လို့ ကြားသိရပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တယ်။ ရွာထဲမှာတော့ ပြည်သူတွေ မနေတာကြာပါပြီ” ဟု မီးနဂါးစစ်ကြာင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ မွန်းတည့် ၁၂ နာရီခန့်တွင် ပုဇွန်မြောင်းကျေးရွာ ဆွဲဒလွဲပိုင်းတွင် အကြမ်းဖက်စစ် ကောင်စီတပ်က ထိုးစစ်ဆင်ပြီး စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ညောင်လေးပင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲ ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ နောက်ဆက် တွဲသတင်းသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article