32 C
Yangon

ယူကရိန်းသမ္မတ၏ လုံခြုံရေးတာဝန်မယူ ဆိုသော စကားကြောင့် နေပြည်တော်တွင် စိုးရိမ်မှုများဖြင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သော် လည်း မင်းအောင်လှိုင် ရုရှားသွားရောက်ရန် ဆုံးဖြတ်ထားဆဲ

Must read

ရန်ကုန်၊ မေ ၅

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ တက်ရောက် မည့် နိုင်ငံ တကာခေါင်းဆောင်တချို့၏ လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်းသမ္မတဇန်လစကီး ၏ ထုတ် ဖော်ပြောဆိုမှုကြောင့် နေပြည် တော်တွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသော်လည်း မင်းအောင်လှိုင် ရုရှားသွား ရောက်ရန် ဆုံးဖြတ်ထားဆဲကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နှစ် ၈၀ ပြည့် ရင်ပြင်နီ အောင်ပွဲနေ့ အတွက် မေလ ၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့ အထိ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရန် ရုရှား၏ ကမ်းလှမ်းချက်ကို မေလ ၃ ရက်နေ့တွင် ယူကရိန်းသမ္မတ ဇန်လစကီးက ပယ်ချခဲ့သည့်အပြင် ရုရှားက ဖိတ်ကြားထားသော နိုင်ငံတချို့၏ ခေါင်းဆောင်များ၏ လုံခြုံရေးကို အာမခံချက် မပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ရုရှားပိုင်နက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စအတွက် ကျနော်တို့ တာဝန်မယူနိုင်ပါဘူး။ ရုရှားက သူတို့ကို လုံခြုံရေးပေးတယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ဘာလုံခြုံရေး အာမခံချက်မှ မပေးနိုင်ဘူး” ဟု ယူကရိန်းသမ္မတ ဇန်လစကီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

မေလ ၉ ရက်နေ့၊ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပမည်ဖြစ်ပြီး မင်းအောင်လှိုင် အပါ အဝင် တရုတ်သမ္မတ ရှီကျင့်ပင်၊ ဘယ်လာရုစ်၊ ဆားဘီးယား တို့ ပါဝင်သော နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များကို အခမ်းအနားသို့ တက်ရောက်ရန် ရုရှားက ဖိတ်ကြားထားသည်။

ယူကရိန်းသမ္မတ၏ လုံခြုံရေးတာဝန်မယူဆိုသော စကားကြောင့် ရုရှားသွား ရောက်မည့် မင်းအောင်လှိုင် အပါ အဝင် နေပြည် တော်မှ စစ်ဗိုလ်ချုပ်တချို့ အကြား လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေသော်လည်း ရုရှားခရီးစဉ်ကို သွား ရောက်ရန် မင်းအောင်လှိုင်က ဆက်လက် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။

မေလ ၇ ရက်နေ့ မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တချို့က နေပြည် တော်မှ MAI Air Bus လေယာဉ် XY-ALK ဖြင့် ရုရှားသို့ ထွက်ခွာမည်ဖြစ် ကြောင်း၊ မင်းအောင်လှိုင်နှင့်အတူ စစ်တပ်၏ ကြည်း၊ ရေ၊ လေ ဗိုလ်ချုပ်တချို့ လိုက်ပါကြမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article