32 C
Yangon

ပခုက္ကူ၊ မီးသွေးကန်ရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ် ကျည်ထိမှန် ဗိုက်ပေါက်သေဆုံးပြီး မိခင် အပါအဝင် ၃ ဦးဒဏ်ရာရ၊ ရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မီးသွေးကန်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ် ကျည်ထိမှန် ဗိုက်ပေါက်သေဆုံးပြီး မိခင် အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်း၊ ပခုက္ကုမြိူ့နယ် အခြေစိုက် တပ်မ ၁၀၁ က လက်နက်ကြီးဖြင့် မီးသွေးကန်ကျေးရွာထဲသို့ ပစ်ခတ်ခဲ့ရာ အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ် ၁ ဦးမှာ လက်နက်ကြီးကျည်ထိမှန်၍ ဗိုက်ပေါက် သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“တပ်မ ၁၀၁ ထဲကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ မီးသွေးကန်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတယ်။ ပစ်တာက လက်နက်ကြီးကျည် ၄ လုံးပစ်တာ။ အဲဒီမှာ မမြင့်မြင့်ကြိုင်ရဲ့ နေအိမ်ခြံဝင်းထဲကို လက်နက်ကြီးကျပေါက်ကွဲတယ်။ အဲဒီမှာ အသက် ၂ နှစ်ခွဲ အရွယ်ကလေးငယ်က ဗိုက်ပေါက်ထွက်သွားတယ်။ ကလေးမိခင်၊ အခြားမိန်းကလေးငယ်တစ်ဦး၊ လမ်းသွားလမ်းလာ အမျိုးသမီးကြီး စုစုပေါင်း ၃ ဦးက ဒဏ်ရာရတယ်။ သေသွားတဲ့ကလေးငယ် လက်နက်ကြီးအစက ဗိုက်ကို ဖောက်ပြီးဝင်သွားတာ။ အူအပြုံလိုက်ထွက်ပြီး ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ယင်းနောက် တပ်မ ၁၀၁ မှ စစ်တပ်က အင်အားအလုံးအရင်းဖြင့် မီးသွေးကန်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးကာ ရွာသား ၇ ဦးကို ရိုက်နှက် ဖမ်းဆီးကာ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ဖမ်းသွားတဲ့ ရွာသားတွေလည်း အခုထိ အဆက်အသွယ်မရဘူး။ ဒေသခံ ရွာသားတွေလည်း အကုန်ထွက်ပြေးနေရတယ်။ အေးအေးချမ်းချမ်းနေတဲ့ ရွာကို စစ်ကြောင်းထိုး လက်နက်ကြီးပစ်ပြီး စစ်တပ်က ရမ်းကားသွားတာ” ဟု ဒေသပြည်သူက ရှင်းပြသည်။

လတ်တလော စစ်ကောင်စီက ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းများထိုးကာ နယ်မြေစိုးမိုးရေးရရှိရန် ပြန်လည် ကြိုးစားလာနေကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ – စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့သော အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်နှင့် ဒဏ်ရာရရှိခဲ့သော မိခင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့သော အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်နှင့် ဒဏ်ရာရရှိခဲ့သော မိခင်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article